Thursday, May 12, 2016

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အရာရှိစစ်သည်မိသားစုမှ မကွေးခရိုင်အတွင်းလေဘေးသင့်အိမ်ထောင်စုများအားကယ်ဆယ်ရေးပစ္စည်းပေအပ်




မကွေးမေ ၁၀

မကွေးတိုင်းဒေသကြီးမကွေးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအစည်းအစေးခန်းမတွင် မေ ၉ ရက် မွန်းလွဲ ၁ နာရီကအလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အရာရှိစစ်သည်မိသားစုများမှ မကွေးခရိုင်ရှိ မြို့နယ်(၆)မြို့နယ်တွင် ဧပြီလနှင့်မေလအတွင်းလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီိးဆုံးရုံးခဲ့သည့် လေဘေးသင့်အိမ်ထောင်စုများအားကယ်ဆယ်ရေးပစ္စည်းသွပ်ချပ်များ လှူဒါန်းပေးအပ်ခြင်းအခမ်းအနားကျင်းပရာတိုင်းဒေသကြီးအစိုးရအဖွဲလုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီးဗိုလ်မှူး ကြီးနိုင်ဦးကကယ်ဆယ်ရေးပစ္စည်းပေးအပ်လှူဒါန်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လှူဒါန်းသည့် သွပ်အချပ် (၆၃၀)ကိုမကွေးခရိုင် အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းထံ လှူဒါန်းပေးအပ်ခဲ့သည်။
မကွေးခရိုင်ရှိ မြို့နယ်များတွင် ဧပြီလနှင့်မေလအတွင်းလေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်(၁) ရပ်ကွက်၊ ကျေးရွာအုပ်စု(၄၂)အုပ်စုမှ ကျေးရွာ(၆၆)ရွာတွင် နေအိမ်အဆောက်အဦး (၂၃၂)လုံးထိခိုက်ပျက်စီးခဲ့ပြီးအိမ်မိုးသွပ်အနေဖြင့် (၄၃၄၉)ချပ် ထိခိုက်ပျက်စီးကာ ပြန်လည် အသုံးမပြု နိုင်သောသွပ်ချပ်(၂၀၀၀)ခန့် လိုအပ်လျက်ရှိနေသေးကြောင်းသိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment