မြိုင် - မေ - ၁၀
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ
မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေရှားပါးသော ကျေးရွာ
များသို့
ရေသယ်ယာဉ် (၅)စီးနှင့်အတူ ယာဉ်မောင်းများအား လုံလောက်သော စက်သုံးဆ်ီများဖြင့်
ဧပြီ ၂၃ ရက်မှ မေ
၇
ရက်အထိ ရေများ စဉ်ဆက်မပြတ် ကျေးရွာများသို့အရောက် ရေလှူဒါန်းမှု ဆောင်ရွက်ခဲ့ရာ-
ရေရှားပါးမှု ဒုက္ခခံစား
နေရသော
ပြည်သူများအား ထိရောက်စွာ ရေဖြန့်ဝေ ထောက်ပံ့ လှူဒါန်းပေးခဲ့ပြီးဖြစ်သော်လည်း
မေလတွင် ရာသီဥတု
ပိုမို
ပူပြင်းခြောက်သွေ့လာသဖြင့် ရေရှားပါးသည့် ကျေးရွာများ ထပ်မံရှိလာသဖြင့် တိုင်းဝန်ကြီးချုပ်မှ
ပြည်ထောင်စု
ဝန်ကြီးအား
နောက်ထပ်(၁၅)ရက် ထပ်မံပြီး ကူညီပေးနိုင်ရန် တောင်းဆိုမှုကြောင့် မြိုင်မြို့နယ်အတွင်းရှိ
ရေရှားပါးသော
ကျေးရွာများသို့
ရေသယ်ယာဉ်များဖြင့် ရေများ ထပ်မံလှူဒါန်းလျှက်ရှိကြောင်း သိရသည်။
အဆိုပါ ရေထပ်မံလှူဒါန်းမှုတွင် သောက်သုံးရေ
ရှားပါးသည့် ကျေးရွာများသို့ မြို့နယ်ရေပေးဝေရေးကော်မတီ
နှင့်
မြို့နယ်လမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မေ ၈ ရက်မှ မေ ၁၀ ရက်ထိ ဆက်လက် လှူဒါန်းလျှက်ရှိကြောင်း
သိရသည်။
ရေလှူဒါန်းသည့်ကျေးရွာများမှာ မေ ၈ ရက်နေ့တွင် ၀က်ပုတ်ကျေးရွာအုပ်စု၊ ရွာမကျေးရွာသို့ အိမ်ထောင်စု
(၉၆)မှ
လူဦးရေ (၄၇၅)ဦးအတွက် ရေဂါလံ (၁၆၀၀)အားလည်းကောင်း၊ ကျွဲတွင်းကျေးရွာသို့
အိမ်ထောင်စု (၄၉)မှ
လူဦးရေ
(၂၉၀)ဦးအတွက် ရေဂါလံ(၁၆၀၀)အားလည်းကောင်း၊ တွင်းမကျေးရွာအုပ်စု၊ အလယ်စုကျေးရွာသို့
အိမ်ထောင်စု(၁၁၀)မှ
လူဦးရေ (၆၉၅)ဦးအတွက် ရေဂါလံ(၈၀၀)အားလည်းကောင်း၊ ထန်းဘူးတောကျေးရွာအုပ်စု၊
ကျီးပင်ကန်ကျေးရွာသို့
အိမ်ထောင်စု (၈)မှ လူဦးရေ (၄၀)ဦးအတွက်
ရေဂါလံ (၈၀၀)အားလည်းကောင်း၊ မေ ၉ ရက်
နေ့တွင်
မြိုင်မြို့နယ်စပ် ၊ ရေစကြိုမြို့နယ်၊ ဘောင်ဘဲ့ကျေးရွာအုပ်စု၊ ကန်ပေါက်ကျေးရွာသို့ အိမ်ထောင်စု
(၂၈၀)မှ
လူဦးရေ
(၁၄၅၀)ဦးအတွက် ရေဂါလံ (၃၂၀၀) နှင့် မေ (၁၀)ရက်နေ့တွင် မင်းသားကျကျေးရွာအုပ်စု
မင်းသားကျ
ကျေးရွာသို့
အိမ်ထောင်စု (၁၂၃)မှ လူဦးရေ (၅၅၀)အတွက်
ရေဂါလံ (၁၆၀၀)တို့အား အသီးသီး သွားရောက် လှူဒါန်း
ပေးခဲ့ကြကြောင်း
သိရသည်။
အောင်ကျော်မြင့်
မြို့နယ်သတင်းထောက်
မြိုင် မြို့
0 comments:
Post a Comment