Wednesday, May 18, 2016

မုန်းတမံ ရေပိုလွှဲအသစ်တည်ဆောက်မှုနှင့်ပတ်သက်၍ ရှင်းလင်းပွဲကျင်းပ




စေတုတ္တရာ      မေ      ၁၈
          မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊စေတုတ္တရာမြို့နယ်အတွင်းရှိ မုန်းချောင်းရေလှောင်တမံတွင် ရေပိုလွှဲ အသစ်တည်ဆောက်မှုနှင့်ပတ်သက်၍ တည်ဆောက်ရေး(၃) ညွှန်ကြားရေးမှူး ဦးညွှန့်ဌေးမှ ပြည်သူလူထုသို့ ချပြ ရှင်းလင်းပွဲကို မေလ(၁၇)ရက်နေ့ နံနက်(၉)နာရီက စေတုတ္တရာမြို့ ဓမ္မစကူးလ်ခန်းမတွင် ကျင်းပခဲ့သည်။
          အခမ်းအနားတွင် စေတုတ္တရာမြို့ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဦးဝင်းမြင့်ထွေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဆည်မြောင်းဦးစီးဌာန၊တည်ဆောက်ရေး(၃) ညွှန်ကြားရေးမှူး ဦးညွှန့်ဌေးက မုန်းတမံ ရေပိုလွှဲသစ် တည်ဆောက်မှုနှင့်ပတ်သက်၍ စေတုတ္တမြို့ပေါ်  မိုးသည်းထန်စွာရွားသွန်းလာပါက မုန်းချောင်းရေးလှောင်တမံမှ အန္တရာယ် မဖြစ်စေရေးနှင့် တမံ ကျိုးပေါက်မှုမဖြစ်စေရေးတို့အတွက် ရေပိုလွှဲအသစ်အား အမြင့်(၁၅)ပေဖြင့် မြေသားတမံတစ်ခု ထပ်မံတိုးချဲ့ တည်ဆောက်ပေးခြင်းဖြစ်ကြောင်း၊  အကျယ်တ၀င့်ရှင်းလင်းပြောကြားခဲ့သည်။
          ထို့နောက် တက်ရောက်လာသော ဒေသခံပြည်သူများမှ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးရာ ညွှန်ကြားရေးမှူး ဦးညွှန့်ဌေးမှ ပြန်လည်း ရှင်းလင်း ဖြေကြားခဲ့ကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment