မကွေး မေ ၁
တယ်လီနောရဲ့ ပထမဆုံး နိုင်ငံအနှံ့ “မြန်မာ ကာရာအိုကေ ချန်ပီယံ” ရှာဖွေတဲ့ အစီအစဉ်အရ နိုင်ငံအနှံ့မှာရှိတဲ့ ရွက်ပုန်းသီး အရည်အချင်းရှိတဲ့ သီချင်းဆိုဝါသနာရှင်များကို ရှာဖွေသွားမည်ဖြစ်ရာ တယ်လီနော မြန်မာရဲ့ ကာရာအိုကေသီဆိုနိုင်တဲ့ကားဟာ မကွေးမြို့  သို့ရောက်ရှိပြီး မေ ၁ ရက်နေ့ နံနက် ၁၁ နာရီက မကွေးမြို့တော်ခန်းမ၌ တယ်လီနောရဲ့ “မြန်မာ ကာရာအိုကေ ချန်ပီယံ” ဖြစ်ဖို့ ဒေသခံ လူငယ် မောင်မယ်(၆၀)ဦးက ကာရာအိုကေ ပြိုင်ပွဲဝင် သီဆိုခဲ့ကြကြောင်း သိရသည်။
တယ်လီနောမြန်မာရဲ့ ကာရာအိုကေ သီဆိုနိုင်တဲ့ကားဟာ “မြန်မာ ကာရာအိုကေ ချန်ပီယံ” တွေနဲ့တွေ့ဖို့ မတ်လ ၁၉ ရက်နေ့မှ မေ ၂၁ ရက်နေ့အထိ မြန်မာနိုင်ငံ မြို့ကြီး(၁၈)မြို့ သို့သွားရောက်ကာ ပြိုင်ပွဲများဆောင်ရွက်သွားမည်ဖြစ်သည်။ အနိုင်ရရှိသူအတွက် ဆုကြေးငွေ ကျပ်သိန်းပေါင်း ၂၀၀ အပြင် တေးစီးရီး ထုတ်ပေးသွားမှာဖြစ်ပြီး ယင်းတေးစီးရီးကို တယ်လီနောရဲ့ My Tune Platform ပေါ်မှာရရှိနိုင်မှာဖြစ်တာကြောင့် ပါဝင်သိဆိုနိုင်ကြရန် ဖိတ်ခေါ်ထားကာ တယ်လီနော brand ဆိုင်များနှင့် တယ်လီနော brand လဖက်ရည်ဆိုင်များမှာလည်း ကာရာအိုကေဆိုပြီး အသံသွင်းနိုင်တဲ့နေရာတွေ စီစဉ်ပေးထားမှာဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲကျင်းပသည့် မြို့တစ်မြို့တွင် ဆန်ခါတင်(၅)ဦး ရွေးချယ်သွားမည်ဖြစ်ရာ Facebook Voting ဆန်ခါတင် ပြိုင်ပွဲဝင် တစ်ဦးစီရဲ့ video မှာ vote ပေးရမှာဖြစ်ပြီး ဆန်ခါတင် ၅ ဦးစီရဲ့ ပြိုင်ပွဲဝင် Full Video တွင် မဲပေးမှုအတွက် Facebook Account တစ်ခုလျှင် တစ်ကြိမ်သာမဲပေးနိုင်မည်ဖြစ်သည်။ Vote စဖွင့်ချိန် ၆ နာရီမှ ၄၈ နာရီအတွင်း လက်ခံရရှိသော မဲများသာ အကျုံးဝင်ဖြစ်ကြောင်းနှင့် တစ်စုံတစ်ရာ အငြင်းပွါးဖွယ်ဖြစ်ပွါးလာပါက တယ်လီနော မြန်မာရဲ့ အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ကြောင်း တယ်လီနောမြန်မာ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment