မင်းဘူး မေ
၁၈
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်တွင်
မေလ(၁၅)ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်းများ တိုက်ခတ်ခဲ့မှုကြောင့် ကျေးရွာများရှိ
လူနေအိမ်များစွာ ပျက်စီးခဲ့ရာ မင်းဘူးခရိုင် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး ၀င်းမောင်
ဦးစီးသော ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ ပြန်လည်ပြုပြင်ထူထောင်ရေးလုပ်ငန်းများကို
မေလ (၁၇)ရက်နေ့ နံနက်ပိုင်းမှစ၍ ကျေးရွာနေပြည်သူလူထုများနှင့်ပူးပေါင်းကာ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးနေ
လျက်ရှိသည်။
မင်းဘူး(စကု)မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့်
ကျေးရွာပေါင်း (၂၅)ရွာရှိ အိမ်ခြေ (၆၀၀)ကျော် ပျက်စီးခဲ့ရာ၊ ကျောက်စစ်ပုံကျေးရွာ၊ကံသစ်ကျေးရွာ
၊ကုလားပါးကျေးရွာ၊မန်းကောက်ကျေးရွာ၊ပင်လယ်သက် ကျေးရွာ၊ကျောက်စံကျေးရွာ တို့တွင် ပျက်စီးဆုံးရှုံးမှုများခဲ့သဖြင့်
ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်အင်းအား (၅၁)ဦးမှ အဆိုပါကျေးရွာ များသို့ သွားရောက်၍
ပြိုလဲသစ်ပင်များရှင်းလင်းခြင်း၊ လူနေအိမ်များ အမြန်ပြန်လည်ပြုပြင်ခြင်း ကျေးရွာချင်းဆက်လမ်းများအား
ရှင်းလင်းပေးခြင်းတို့ကို ကျေးရွာပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်ပေးနေ လျက်ရှိကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)
0 comments:
Post a Comment