-------------
၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်တွင်ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှစကွန်ပျူတာသင်တန်း(၂/၂၀၁၆)ဖွင့်ပွဲအခမ်းအနားကို(၃၀.၄.၂၀၁၆) ရက်နေ့ နံနက် (၈ :၃၀)အချိန်
တွင်ဝါးရင်းချိုင်ကျေးရွာ မူလတန်းကျောင်း၌ ကျင်း ပသည်။
အခမ်းအနားတွင် မြို့ နယ်အုပ်ချုပ်ရေးမှုး ဦးမြသက်မောင်၊ ဂန့်ဂေါခရိုင်ကျေးလက်ဒေသဖွံ့
ဖြိုးတိုးတက်ရေးဦးစီးဌာနမှုးဦးဝင်းအောင်နှင့်ဌာန
ဆိုင်ရာအကြီးအကဲများ၊မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး
အထောက်အကူပြုကော်မတီဝင်များ၊ ကျေးလက်
ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှုးနှင့်အထောက်အကူပြုအဖွဲ့
ဝင်များ၊ သင်တန်းသား/သူများစုစုပေါင်းအင်အား
(၁၀၀)ဦးတက်ရောက်ပြီး သင်တန်းဖွင့်ပွဲအခမ်းအ
နားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
မြို့နယ်အုပ်ချုပ်ရေးမှုးဦးမြသက်မောင်မှအဖွင့်အမှာစကားပြောပြီး ဂန့်ဂေါခရိုင်ကျေးလက်ဒေသဖွံ့
ဖြိုးတိုးတက်ရေးဦးစီးဌာနမှုး ဦးဝင်းအောင်မှသင်
တန်းနှင့်ပတ်သက်၍ ရှင်းလင်ပြောကြား၍ ဝါးရင်း
ချိုင်ကျေးရွာအုပ်ချုပ်ရေးမှုးမှ သင်တန်းသူ/သား
များကိုယ်စားကျေးဇူးတင်စကားပြောကြားပြီး ကွန်
ပျူတာသင်တန်းအမှတ်စဉ်(၂ /၂၀၁၆)ဖွင့်ပွဲအခမ်း
အနားကိုနံနက်(၁၀:၀၀)အချိန်တွင်ရုတ်သိမ်းပြီး
သင်တန်းသူ/သားများ သင်ကြားနေမှုကို ကြည့်ရှုပြီး
အားပေးစကားပြောကြားသည်။
DRD (HTEELINN)
0 comments:
Post a Comment