Monday, May 16, 2016

သစ်ပင်ခုတ်လှဲရာမှ သစ်ပင်ပိ၍သေဆုံး


ငဖဲ     မေ     ၁၆
မင်းဘူးခရိုင် ငဖဲမြို့နယ် တောင်ပေါ်ဒေသ စွန်တက်ကျေးရွာတွင် မေလ ၁၄ ရက် ညနေ ၆ နာရီအချိန်ခန့်က ကျေးရွာ၏ အရှေ့မြောက်ဘက် (၂)မိုင်ခန့် တောင်ယာတောအတွင်း မောင်လှ (သ)၃၄နှစ်၊(ဘ)ဦးကျောက်လုံး၊ တောင်သူ၊လင်းတဲ ကျေးရွာနေသူသည် တစ်ဦးတည်း သစ်ပင် ခုတ်လှဲရာမှ  သစ်ပင်လဲကျပြီး သစ်ပင်ပိ၍ ခါးနောက်ကျော ပွန်းပဲ့ညိုမဲဒဏ်ရာ၊၀ဲပေါင်ပွန်းပဲ့ဒဏ်ရာ၊ ဆီးခုံအစပ်ပွန်းပဲ့ ညိုမဲဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာတို့ဖြင့် နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ သဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေးအရေးယူဆောင်ရွက်ရန် သေဆုံးသူ မောင်လှအား ပဒါန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်စစ်ဆေးမှုပြုလုပ်ခဲ့ရာ ဆေးစစ်ချက်မှတ်တမ်း ပြန်ကြားချက်အရ ဓမ္မတာအတိုင်းသေဆုံးခြင်းဖြစ်သဖြင့် သေမှုသေခင်း အမှတ်စဉ်(၄/၂၀၁၆)ဖြင့် အမှုဖွင့် စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment