Sunday, May 1, 2016

မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာများ ထပ်မံအကောင်အထည်ဖော် ဆောင်ရွက်ရန် စီစစ်ရွေးချယ်

် ပွင့်ဖြူ     မေ     ၁
ပွင့်ဖြူမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာများ တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေက အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ကျော်က မြစိမ်းရောင်ကျေးရွာ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းတင်ပြသည်။
ထို့နောက်  လွှတ်တော် ကိုယ်စားလှယ်များ၊  မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၊မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူပြုကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၀န်ထမ်း များက ၂၀၁၆-၂၀၁၇ခုဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာ ဦးစားပေး လျှာထားစာရင်း ရွေးချယ်ရန်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ချက်များ၊ အယ်နီညိုကြောင့် ရေရှားပါးမှုအပေါ် သောက်သုံးရေဖြန့်ဝေပေးမှုများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာများ တိုးချဲ့ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
                                                                                                        သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment