This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, May 28, 2016

မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနား မြို့သစ်တွင် ကျင်းပ


---------------------><----------------------
မြို့သစ်------------>< မေလ ---->၂၈
--------------------><-------------><>

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း ရတနာ ခန်းမတွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို
(၂၇/၅/၂၀၁၆)ရက်နေ့နံနက်
( ၉ )နာရီက ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်
အုပ်ချုပ်ရေးမှူးဦးဗိုလ်အောင်မောင်မောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်အုန်းမြ မှ ကျောင်းအပ်နှံရေးနေ့ဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေပေးသော ပုံနှိပ်စာအုပ်များ၊ ဗလာ စာအုပ်များနှင့်မူလတန်းကျောင်းသား/သူများအတွက် ၀တ်စုံများကို မြို့နယ်အုပ်ချုပ်ရေးမှူးကပေးအပ် ရာ ကျောင်းသားသူများမှ လက်ခံရယူခဲ့ပြီး
မေလ(၃၁)ရက်နေ့အတွင်း ကျောင်းနေအရွယ်ကလေးငယ်များ ရာနှုန်းပြည့်ကျောင်းအပ်နှံနိုင်ရေးဌာနဆိုင်ရာ
များ၊လူမှုရေးအသင်းအဖွဲ့ဝင်များ၊ကျောင်းသား
မိဘများနှင့်ပူပေါင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။ သန်းဝင်းထွန်း(မြို့သစ်)
------------------------ ----------------------------
သန်းဝင်းထွန်း( မြို့သစ် )

မြို့သစ်၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းပညာ ပေးဆိုင်းဘုတ် များ စိုက်ထူ


__-->မြို့သစ်'-----မေလ----၂၈_______-->
မြို့သစ်မြို့တွင်ဆိုင်ကယ်စီးနင်းသူများ
ယာဉ်အန္တရာယ်ကင်းဝေးစေရေးသတိပြုလိုက်
နာဆောင်ရွက်နိုင်စေရန် အသိပညာပေး
ဆိုင်းဘုတ်များစိုက်ထူခြင်းကိုမေ ၂၈ ရက် နံနက်(၈)နာရီကမြို့သစ်မြို့၏ဈေးအနီးစာတိုက်လမ်းနှင့်ဗိုလ်မင်းရောင်လမ်းဆုံတောင်တွင်း
မြို့သစ်နတ်မောက်လမ်းနှင့်မြို့ဦးလမ်းဆုံတို့၌်ပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဆိုင်းဘုတ်စိုက်
ထူရာတွင်ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းမောင်
၊မြို့သစ်မြို့မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးရဲထွဋ်နှင့်
တပ်ဖွဲ့ဝင်များဌာနဆိုင်ရာများ၊မီးသတ်ဦးစီး
ဦးသောင်းတင်နှင့်မီးတပ်ဖွဲဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊မထသအဖွဲ့ဝင်များတက်ရောက်စုပေါင်းကာယာဉ်မောင်းသူများယာဉ်အန္တရာယ်ကင်းရှင်းရေးပညာပေးဆိုင်းဘုတ်အားစိုက်ထူ
ပေးခဲ့ကြကြောင်းသိရှိရသည်။
----------------------->----------------------------
သန်းဝင်းထွန်း( မြို့သစ် )
------------------------>---------------

ရွာသာယာကျေးရွာတွင် KG ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်


မင်းဘူး     မေ      ၂၈
မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ် ရွာသာယာကျေးရွာတွင်  KG ကျောင်းဆောင်သစ် လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို မေလ(၂၈)ရက်နေ့ နံနက် (၉)နာရီကကျင်းပခဲ့သည်။
အခမ်းအနားတွင် ရွာသာယာကျေးရွာ KG ကျောင်းဆောင်သစ်ဖွင့်ပွဲအထိမ်းအမှတ် ဖဲကြိုးအား မကွေးတိုင်း ဒေသကြီးပညာရေးမှူး ဦးကျော်အေး၊ခရိုင်ပညာရေးမှူး ဒေါ်ခိုင်မာလာနှင့် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားအား အဆိုပါကျောင်းဆောင်သစ်ခန်းမတွင်ကျင်းပခဲ့သည်။အခမ်းအနားတွင် တိုင်းဒေသကြီး ပညာရေးမှူး ကျော်အေးမှ အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်နှင့် ဦးနေမျိုးကျော်တို့မှ မိတ်ဆက်အမှာစကားများပြောကြားခဲ့သည်။
ဆက်လက်၍ Save the Children အဖွဲ့မှ တိုင်းမန်နေဂျာ ဦးနေမျိုးထွန်းမှ Save the Children ၏ထောက်ပံ့မူများဖြင့် ကျန်းမာရေး၊ပညာရေးကဏ္ဍများတွင် ကူညီပါဝင်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြော ကြားခဲ့ပြီး၊ ရွာသာယာကျေးရွာ အ.ထ.က ကျောင်းအုပ်ဆရာကြီး ဦးသိန်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှအောင် တို့မှ KG ကျောင်းဆောင်သစ် ဆောက်လုပ်ပေးခြင်းအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြား ခဲ့သည်။ထို့နောက် KG ကျောင်းဆောင်သစ် နှင့်ပတ်သက်သော စာရွက်စာတမ်းများအား Save the Children အဖွဲ့မှ စီမံကိန်းလက်ထောက် ဒေါ်ဇင်မာလွင်မှ မြို့နယ်ပညာရေးမှူးဒေါ်အေးအေးထံ လွှဲပြောင်းပေးအပ်ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
Save the Childrenအဖွဲ့မှ ၂၀၁၅-ခုနှစ်မှစ၍ မင်းဘူးမြို့နယ်အတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက် စေရန် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းကာ KG ကျောင်းပေါင်း (၁၁)ကျောင်း ထောက်ပံ့ကူညီ ဆောက်လုပ် ဖွင့်လှစ်ပေးခဲ့ရာ ရွာသာယာကျေးရွာ သည် (၁၁)ကျောင်းမြောက် ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ယခု ကျောင်းဆောင်သစ်အား Save the Children မှ ငွေကျပ်(၉၅)သိန်းကျပ်နှင့် ကျေးရွာနေပြည်သူလူထုထည့်ဝင် ငွေကျပ် (၈၂)သိန်းကျပ်၊စုစုပေါင်း (၁၇၇)သိန်းဖြင့် အလျား(၅၀)ပေ၊အနံ(၃၀)ပေ၊ အမြင့် (၁၂)ပေရှိ Steel Structure တစ်ထပ်အဆောက်အဦးဖြစ်ပြီး ကူညီပံ့ပိုးရန်လိုအပ်သည့် ကလေးငယ်များအား ပညာသင်ကြားနိုင်ရေး ထောက်ပံ့ကူညီနိုင်ရန် ကျောင်းရန်ပုံငွေပဒေသာပင်၊ငွေကျပ်(၇)သိန်းကို စိုက်ထူပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် များ၊ပညာရေးဝန်ထမ်းများ၊ဒေသခံပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

ပညာသင်ထောက်ပံ့ကြေးဆိုင်ရာ မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ ပွင့်ဖြူ

      မေ     ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်တွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် ကျောင်းထောက်ပံ့ကြေး နှင့် ပညာသင်ထောက်ပံ့ကြေးလုပ်ငန်းဆိုင်ရာ မြို့နယ်အဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ကို မေလ(၂၇)ရက်နေ့ နံနက်(၉)နာရီက အ.ထ.ကကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေမှ အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်ပု ကအလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် ပွင့်ဖြူမြို့နယ်အတွင်း ထက်/လယ်/မှု အခြေခံပညာကျောင်းပေါင်း (၁၆၂)ကျောင်း၊ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂)ကျောင်းတို့မှ ကျောင်းအုပ် ဆရာ (၁၆၄)ဦးမှ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ရာ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများမှ ပြန်လည်းရှင်းလင်းဖြေကြားခဲ့သည်။မြို့နယ်ပညာရေးမှူး ဒေါ်ပုမှ “ ထောက်ပံ့ကြေးကို ကော်မတီ(၅)ဦးဖွဲ့၍ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ကျောင်းအုပ်ဆရာများနှင့် တာဝန်ခံကျောင်းအုပ်များမှ ငွေစာရင်း ခေါင်စဉ်(၁၂)မျိုးဖြင့် စနစ်ကျနစွာ သုံးစွဲသွားရမည်ဖြစ်ကြောင်း၊ ကျောင်းများအား ရုံးချုပ်နှင့်မြို့နယ် စာရင်းရုံးများမှလာရောက် စစ်ဆေးမည်ဖြစ်ပြီး ပညာရေးဌာနအနေဖြင့် ငွေကြေးပြဿနာ၊စာမေးပွဲပြဿနာများနှင့် လူမှုရေးပြဿနာများ မဖြစ်ပေါ် ရေး အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ” ပြောကြားခဲသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့်ဌာဆိုင်ရာအကြီးအကဲများ၊မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီဝင်များ၊ကျောင်းအုပ်ဆရာများနှင့် ပညာရေးဝန်ထမ်းများ ၊မြို့မိ/မြို့ဖများ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

Friday, May 27, 2016

၀၁၆/မိုးသီးနှံ စိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေး



မြို့သစ် - မေလ/၂၇
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်
မြို့နယ် ဘဏ်ခွဲမှ ၂၀၁၆/၂၀၁၇ ဘဏ္ဍာရေးနှစ်
၏ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေစုစုပေါင်းကျပ်
သိန်းပေါင်း ( ၅၃၅၀၀..၀၀ )သိန်း တိတိ အား
ရပ်ကွက်/ကျေးရွာ အုပ်စု ( ၄၀)မှတောင်သူများ
အားလုပ်ငန်းခ်ျိန်အမှီ ထုတ်ချေးပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိပြီး ( ၂၀ / ၅/၂၀၁၆) ရက်နေ့တွင်မြို့မအုပ်စု ( ယင်းနားကုန်း ရွာခွဲ ) မှတောင်သူအဖွဲ့ဝင်(၃၃)ဦးသို့(၂၀၁၆)မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေကျပ်(၁၅၁..၂၀)သိန်း
တိတိကိုစတင်ထုတ်ချေးပေးနိုင်ခဲ့သည်။
၂၀၁၅/မိုးဘဏ်ချေးငွေ
ပြေချေမှု အစီအစဉ်အတိုင်း ဆက်လက် ချေး
ပေးသွားမည်ဖြစ်ကြောင်း နှင့် ( ၂၀၁၅/ခုနှစ်
ဆောင်း ချေးငွေထုတ်ချေးသည့် ရပ်ကွက်/
ကျေးရွာအုပ်စုများ အနေဖြင့်ဆောင်းဘဏ်ချေး
ငွေပြေကျေ မှ (၂၀၁၆/)မိုး သီးနှံစိုက်ပျိုးစရိတ်
ချေးငွေ များ ဆက်လက်ထုတ်ချေးပေးသွားမည်
ဖြစ်ကြောင်းမြို့နယ်မန်နေဂျာ ဦးတင်ဌေးအောင်
ထံ မှသိရသည် ။ 
သန်းဝင်းထွန်း(မြို့သစ်)
-

၂၀၁၆-၂၀၁၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ



ငဖဲ     မေ     ၂၇
          မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲ ခန်းမတွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
          အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်မာအေးချိုမှ ကျောင်းအပ်နှံရေးနေ့ဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေပေးသော ပုံနှိပ်စာအုပ်များ၊ ဗလာ စာအုပ်များနှင့်မူလတန်းကျောင်းသား/သူများအတွက် ၀တ်စုံများကို မြို့နယ်အုပ်ချုပ်ရေးမှူးကပေးအပ် ရာ ကျောင်းသား/သူများမှ လက်ခံရယူသည်။
          ငဖဲမြို့နယ်တွင် အထက(၂)ကျောင်း၊အထကခွဲ(၂)ကျောင်း၊ အလက(၁)ကျောင်း၊ အလက ခွဲ(၁၃) ကျောင်း၊မူလွန်(၆)ကျောင်း၊အမက(၄၃)ကျောင်းနှင့်အမကခွဲ(၁၀)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း(၇၇)ကျောင်းရှိကာ မေလ(၂၅)ရက်နေ့တွင် ကျောင်းသား/သူ(၇၅၆၄)ဦး လက်ခံရရှိပြီး မေလ(၃၁)ရက်နေ့အတွင်း ကျောင်းနေအရွယ်ကလေးငယ်များ ရာနှုန်းပြည့် ကျောင်းအပ်နှံရေး ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့ဝင်များ၊ကျောင်းသားမိဘများနှင့်ပူပေါင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

မင်းဘူး(စကု)မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ




မင်းဘူး      မေ      ၂၇
          မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအား မေလ(၂၇)ရက်နေ့ နံနက်(၉)နာရီက မင်းဘူးမြို့၊ အ.ထ.က(၁)ကျောင်းခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ဌာနဆိုင်ရာအကြီးအကဲများ ၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အတွင်းရှိ ကျောင်းအုပ်ဆရာ/ ဆရာမ ကြီးများ၊ကျောင်းဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံမိဘ ပြည်သူများ တက်ရောက် ခဲ့သည်။
          အခမ်းအနားတွင်မင်းဘူးမြို့ အ.ထ.က(၂)မှကျောင်းသား/ကျောင်းသူများက  မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ထို့နောက် ခရိုင်ပညာ ရေးမှူး ဒေါ်ခိုင်မာလာမှ အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးမှ ကျောင်းအပ်နှံရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
          ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးမှ KG Kid ပုံးများပေးအပ်ရာ မင်းဘူးမြို့ မြောက်ရပ် အ.မ.က ကျောင်းအုပ်ဆရာကြီးမှ လက်ခံရယူပြီး ပညာရေးဝန်ကြီးဌာနမှ အခမဲ့ ဖြန့်ဝေပေးသော ပုံနှိပ်စာအုပ်များ၊အခမဲ့ ဗလာစာအုပ်များနှင့် မူလတန်းကျောင်းသား/သူများအတွက် ၀တ်စုံများကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ပေးအပ်ရာ ကျောင်းသား/ ကျောင်းသူများမှ လက်ခံရယူကာ အ.ထ.က(၂)ကျောင်းသား/ကျောင်းသူများမှ ဇာတိမာန်သီချင်းဖြင့် သီဆို ဖျော်ဖြေ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
          မင်းဘူးမြို့နယ်တွင် အ.ထ.က(၂)ကျောင်း၊အ.ထ.ကခွဲ(၃)ကျောင်း၊အ.လ.ကခွဲ (၂၃)ကျောင်း၊မူလွန် (၂၀)ကျောင်း၊ အ.မ.က(၃)ကျောင်း၊အ.မ.ကခွဲ (၁၀)ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိခဲ့ပြီး ကိုယ်ပိုင်ကျောင်း (၂)ကျောင်း ဖွင့်လှစ်ထားရှိခဲ့ကြောင်း၊မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၄၇) ကျောင်း၊ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၁)ကျောင်းတို့တွင် မေလ(၂၅)ရက်နေမှ ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက်ခဲ့ရာ မေလ(၂၆)ရက်နေ့တွင် ကျောင်းသား/သူ (၆၆၅၀၈)ဦး လက်ခံရရှိပြီး မေလ(၃၁) ရက်နေ့အတွင်း ကျောင်းနေအရွယ်ကလေးငယ်များ ရာနှုန်းပြည့် ကျောင်းအပ်နှံရေး ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ကျောင်းသားမိဘများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

အခွန်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကျင်းပ




မင်းဘူး     မေ      ၂၇
          မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်၊ အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲကို မြို့နယ်အခွန်ဦးစီးဌာန မှူးရုံးတွင် မေလ(၂၆)ရက်နေ့ မွန်းလွှဲ(၂)နာရီက ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ အခွန်ထမ်းပြည်သူ (၇၀)ဦးတက် ရောက်ခဲ့သည်။
          ရှင်းလင်းဆွေးနွေးပွဲတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်နွယ်နွယ်ဦးမှ အထူးကုန်စည်ခွန်ဥပဒေနှင့် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် အခွန်ထမ်း ပြည်သူများမှ သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်အခွန်ဦးစီးဌာနမှူးမှ ပြန်လည်ရှင်းလင်းဖြေကြား ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

တောင်သူများထံ စိုက်ပျိုးချိန်အမီ လက်ဝယ်ရရှိရေး ထုတ်ချေးဆောင်ရွက်




ငဖဲ     မေ     ၂၆
          မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများသို့ မိုးရာသီ သီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို မေလ ၁၉ ရက်နေ့မှစတင်၍ ထုတ်ချေးပေးလျက်ရှိရာ ကျေးရွာအုပ်စု(၂၃)အုပ်စုမှ တောင်သူလယ်သမားများအတွက် စုစုပေါင်းချေးငွေ ကျပ်သိန်းပေါင်း(၁၁၁၉၅.၅၀)အား ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။
          ထိုသို့ဆောင်ရွက်ရာတွင် ယနေ့ မေလ ၂၆ ရက်နေ့အထိ ကျောင်းကုန်းကျေးရွာ၊မာန်အောင်ကျေးရွာ၊ဇင်ပြွန်းကျေးရွာနှင့်ရင်းရည်ကျေးရွာအုပ်စုများမှ တောင်သူ (၂၉၈)ဦး၏ လယ်မြေ(၄၄၆)ဧကအတွက်တစ်ဧကလျှင် စိုက်ပျိုးစရိတ် ကျပ်တစ်သိန်းခွဲနှုန်းဖြင့်လည်းကောင်း၊အခြားသီးနှံ(နှမ်း)စိုက်ဧက တစ်ဧကလျှင် စိုက်ပျိုးစရိတ် ကျပ်နှစ်သောင်းနှုန်းဖြင့်(၄၄၁)ဧက တို့အတွက် စုစုပေါင်း(၇၅၇.၂၀)သိန်းကို ထုတ်ချေးပေးခဲ့ကြောင်းနှင့်ကျန်ရှိသောကျေးရာအုပ်စုများမှ တောင်သူများထံသို့ စိုက်ပျိုးချိန်မီလက်ဝယ်ရရှိရေးအတွက် အမြန်ဆုံး ထုတ်ချေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)