ငဖဲ ဧပြီ ၂၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်တွင်
ပညာရေးဝန်ကြီးဌာန သူငယ်တန်း (KG)သင် ဆရာ၊ဆရာမများ လေ့ကျင့်သင်တန်းပေးရေး မြို့နယ်အဆင့်
နည်းပြသင်တန်း ဖွင့်ပွဲကို ပွင့်ဖြူ အထက အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပရာ
မြို့နယ်ရဲတပ်ဖွဲ့မှူး(ယာယီ)ဒု-ရဲမှူး တင်ထွန်းအောင်ကအဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ပွင့်ဖြူမြို့နယ်ပညာရေးမှူး
ဒေါ်ပုက အမျိုးသားပညာရေး ဥပဒေမှာ ပြဌာန်းထားတဲ့ အခြေခံပညာရေးစနစ် ဖွဲ့စည်းပုံ(KG+12)အရ
အခြေခံပညာကျောင်းများ မှာ သူငယ်တန်း သင်ရိုးညွှန်းတမ်း သစ်ကို စတင်သင်ကြားဖို့အတွက် KG (သူငယ်တန်း)ကို သင်ကြားပေးမယ့်
ဆရာ ဆရာမများကို လေ့ကျင့်မွေးထုတ်ပေးဖို့ လိုအပ်ကြောင်း၊သူငယ်တန်း (KG)ပညာရေးကို ဆောင်ရွက်ရခြင်းဟာ
ကလေးများ မိမိကိုမိမိယုံကြည်အားထားသူများ ဖြစ်လာစေဖို့ အာဟာရပြည့်ဝပြီး ကျန်းမာပျော်ရွှင်သူများဖြစ်လာစေဖို့
သင်္ချာအပါအ၀င် အသိပညာများကို စိတ်အားထက်သန်စွာ လေ့လာသင်ယူသူများ ဖြစ်လာစေဖို့နဲ့ မိမိ
ပတ်ဝန်းကျင်၏ အကျိုးကို ဆောင်ရွက်တတ်သူများ ဖြစ်လာစေဖို့ ရည်ရွယ်ကြောင်းနှင့် သင်တန်းဆိုင်ရာ
လိုက်နာရမည့် စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ပွင့်ဖြူမြို့နယ်တွင်
ကျောင်းပေါင်း ဘက(၂)ကျောင်းနှင့်အခြေခံပညာကျောင်းပေါင်း (၁၆၂)ကျောင်း၊ စုစုပေါင်း(၁၆၄)ကျောင်းတွင်
သင်တန်းသင်တန်းသူ(ဆရာ ဆရာမ)(၃၃၄)ဦးနှင့်တိုင်းရင်းသား လေ့လာသူ(၄)ဦး တို့အား သင်တန်းနည်းပြ
ဆရာ ဆရာမ(၁၆)ဦးမှ သင်ခန်းစာ(၁၇)မျိုးကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး၊ အမျိုးသားပညာရေးဥပဒေပါ
အခန်း(၅)ပုဒ်မ ၁၆(က)တွင် အခြေခံပညာရေးကို မူလတန်းဆင့်၊ အလယ်တန်း ဆင့်၊အထက်တန်းဆင့်
ပညာရေး အဆင့်(၃)ဆင့် ခွဲခြားထားပြီး သူငယ်တန်းပညာရေး ပြီးတဲ့နောက်
ပညာသင်နှစ် စုစုပေါင်းကာလ(၁၂)နှစ်သို့ ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment