ငဖဲ ဧပြီ
၂၆
မင်းဘူးခရိုင် ငဖဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင်
သူငယ်တန်း (KG)သင်ဆရာ၊ဆရာမများ လေ့ကျင့်သင်တန်းပေးရေး မြို့နယ်အဆင့် နည်းပြသင်တန်း
ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပည်။
သင်တန်းဖွင့်ပွဲတွင် ငဖဲမြို့နယ်ပညာရေးမှူး ဒေါ်ခင်မာအေးချိုက အမျိုးသားပညာရေး
ဥပဒေမှာ ပြဌာန်းထားတဲ့ အခြေခံပညာရေးစနစ် ဖွဲ့စည်းပုံ(KG+12)အရ အခြေခံပညာကျောင်းများ
မှာ သူငယ်တန်း သင်ရိုးညွှန်းတမ်းသစ်ကို စတင်သင်ကြားဖို့အတွက် KG (သူငယ်တန်း)ကို သင်ကြားပေးမယ့်
ဆရာ ဆရာမများကို လေ့ကျင့်မွေးထုတ်ပေးဖို့ လိုအပ်ကြောင်း၊သူငယ်တန်း (KG)ပညာရေးကို ဆောင်ရွက်ရခြင်းဟာ
ကလေးများ မိမိကိုမိမိယုံကြည်အားထားသူများ ဖြစ်လာ စေဖို့ အာဟာရပြည့်ဝပြီး
ကျန်းမာပျော်ရွှင်သူများဖြစ်လာစေဖို့ သင်္ချာအပါအ၀င် အသိပညာ များကို စိတ်အားထက်သန်စွာ
လေ့လာသင်ယူသူများ ဖြစ်လာစေဖို့နဲ့ မိမိပတ်ဝန်းကျင်၏ အကျိုးကို ဆောင်ရွက်တတ်သူများ ဖြစ်လာစေဖို့
ရည်ရွယ်ကြောင်း အမှာစကားပြောကြားပြီး သင်တန်းမှူး ဒု-မြို့နယ်ပညာရေးမှူး ဦးဝင်းမောင်ဌေးက
သင်တန်းဆိုင်ရာ စည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
အဆိုပါ သင်တန်းတွင် မြို့နယ်အတွင်းရှိ ကျောင်း(၇၇)ကျောင်းမှ ဆရာ
ဆရာမ(၁၅၈)ဦး အား သင်တန်းနည်းပြ ဆရာ ဆရာမ(၈)ဦးမှ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ(၁၄)
ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment