Thursday, April 28, 2016

သူငယ်တန်း(KG) သင်ဆရာ/ဆရာမများလေ့ကျင့်သင်တန်းပေးရေး မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင်းလှစ်




မင်းဘူး      ဧပြီ       ၂၆
          သူငယ်တန်း(KG) ပညာရေးအရ ပထမတန်းသို့ ကူးပြောင်းမှုလွယ်ကူစေရန်နှင့် အသက်(၅)နှစ်ပြည့်ပြီး ကလေးများအတွက် ဘက်စုံဖွံ့ဖြိုးမှုနှင့် သင့်လျော်သော နည်းလမ်းများကို အသုံးပြု၍ ပြုစုပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်၍ သူငယ်တန်း(KG)သင် ဆရာ/ဆရာမများ လေ့ကျင့်သင်တန်းပေးရေး မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားအား ဧပြီလ(၂၆)ရက်နေ့ နံနက်(၉)နာရီက မင်းဘူးမြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း ခန်းမတွင်ကျင်းပခဲ့သည်။
          အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးမှ အဖွင့်အမှာစကားပြောကြားပြီး၊ဒု-မြို့နယ်ပညာရေးမှူး ဦးထွန်းဝေမှ သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် Save the Children မှ မင်းဘူးမြို့နယ်တာဝန်ခံ ဦးသန်းထွဋ် မှ သင်တန်းသားများအား ကူညီထောက်ပံ့မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကား ဖွင့်ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
          အဆိုပါသင်တန်းသို့ မင်းဘူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ဆရာ/ဆရာမ(၃၂၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းနည်းပြဆရာ (၂၀)ဦးက ဧပြီလ(၂၆)ရက်နေ့မှ မေလ(၁၀)ရက်နေ့ထိ (၁၅)ရက်ကြာ သင်ကြားပို့ချ ဆွေးနွေးသွားမည်ဖြစ် ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment