မင်းဘူး
ဧပြီ ၂၈
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်အတွင်းရှိ
မြို့နယ်များမှ တောင်သူများ မိုးရာသီ စိုက်ပျိုးရေးလုပ်ငန်း များ အဆင်ပြေချောမွေ့စွာ
စိုက်ပျိုးလုပ်ကိုင်နိုင်ရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်များမှ ဧကအလိုက် ချေးငွေများ
ထုတ်ချေးပေးခဲ့ရာ ဧပြီလ(၂၆)ရက်နေ့တွင် မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များအလိုက် ဘဏ်ချေးငွေများ
ပြန်လည် ပေးသွင်းမှု ရာနှုန်းပြည့် ပြေကြေကြောင်းသိရှိရသည်။
မင်းဘူးခရိုင်အတွင်းရှိ
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၊ မင်းဘူး၊ပွင့်ဖြူ၊စလင်း၊စေတုတ္တရာ၊ငဖဲ မြို့နယ် တို့မှ
ဘဏ်အဖွဲ့ဝင် (၃၇၉၃၁)ဦးသို့ ထုတ်းချေးခဲ့သော ၂၀၁၅-မိုးရာသီ သီးနှံထုတ်လုပ်မှုဘဏ်ချေးငွေကျပ်
သန်းပေါင်း(၁၃၃၄၅.၂၁)အား တောင်သူများမှ ဧပြီလအတွင်း ခရိုင်လုံးကျွတ် ပြေကြေစွာ ပေးသွင်းပြီး
ဖြစ်ကြောင်း မင်းဘူးခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ ခရိုင်မန်နေဂျာ ဦးဝင်းဇော်ထံမှ
သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)
0 comments:
Post a Comment