Wednesday, April 13, 2016

သရက်မြို့ နယ် မိုးနတ်ကုန်းကျေးရွာအုပ်စု တလုပ်ပင်ကျေးရွာတွင် ရွာနှင့်(၂)မိုင်ခန့် ဝေးသော

သရက်မြို့ နယ် မိုးနတ်ကုန်းကျေးရွာအုပ်စု
တလုပ်ပင်ကျေးရွာတွင် ရွာနှင့်(၂)မိုင်ခန့် ဝေးသော
ငွေသင်ပုန်းတောင်ကြောမှရေကို ကွန်ကြူးပိုက်ဖြင့်
သွယ်တန်း၍ ကျေးရွာအတွင်း အုတ်ကန်ဖြင့်ဝိုင်းဝန်း
သုံးစွဲနေသော်လည်း ယခုအခါ တောင်ကျရေခန်း
ခြောက်လာသဖြင့်
ရေမရရှိတော့သည်မှာ တစ်ပတ်ကျော်ကြာလာသဖြင့်
ရေအခက်အခဲဖြစ်ပေါ်နေရာ
ကိုချမ်းမြေ့မောင် ပွဲစားလမ်း အနောက်ရပ်မြောက်ပိုင်း
(8B-1476 နှင့် I-2401)ရေသယ်ယာဉ်(၂)စီး
ကိုမောင်မောင် မင်းတုန်းလမ်း ဇော်ဂျီရပ်
(ဧကရီဘော်ဒါ နှင့် ရေသယ်ယာဉ်လုပ်ငန်း)တို့ ၏
ကူညီပံ့ပိုးမှုဖြင့် ၁၁/၄/၂၀၁၆(တနင်္လာနေ့ )က
ရေဂါလံ ၆၀၀၀ ကိုသွားရောက်လှူဒါန်းနိုင်ခဲ့ပါသည်
မြန်မာနှစ်သစ်ကူးအချိန်တွင် ရေရှားပါးမှုဖြင့်ကြုံတွေ့ 
နေရသည့် တလုပ်ပင်ကျေးရွာပြည်သူများသို့ 
ရေရရှိရေးကူညီဆောင်ရွက်ပေးကြပါရန်
အကူအညီတောင်းခံအပ်ပါသည်
အောင်ကြီး(သတင်းထောက်)
၀၉ ၄၀၁၅၇၈၀၁
၀၉ ၃၃၃၇၈၄၉၇

0 comments:

Post a Comment