ပွင့်ဖြူ ဧပြီ
၂၆
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည်
ယနေ့နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဗိုလ်ဥတ္တမခန်းမ၌
လွှတ်တော်ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိတ်ဆက်တွေ့ဆုံခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က
လွှတ်တော်ကိုယ်စားလှယ်များ၊ဌာနဆိုင်ရာများအနေဖြင့် မည်သည့်ကိစ္စမျိုးမဆို ရင်းနှီးပွင့်လင်းစွာ
တင်ပြဆွေးနွေးနိုင်ပါကြောင်း၊ ကျေးလက်ရေရရှိရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး
လုပ်ငန်းများကို လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ခရိုင်အဆင့်၊
မြို့နယ် အဆင့်များဖြင့် ပေါင်းစပ်ညှိနှိုင်းတိုင်ပင်ကာ ဌာနအသီးသီးက ပူပေါင်းဆောင်ရွက်ကြရန်
လိုအပ် ပါကြောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးလုပ်ငန်းများအား စနစ်တကျဆောင်ရွက်ရေး ကိစ္စများနှင့်
စပ်လျဉ်း၍ အမှာစကားပြောကြားသည်။
ဆက်လက်၍
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက တိုင်းပြည်ပြန်လည်ထူ ထောင်ရေးကို ပြည်သူ့ဝန်ထမ်းများသည်
ပြည်သူများယုံကြည်ကိုးစားသော ၀န်ထမ်းများဖြစ်စေ ရေး၊ အခက်အခဲများနှင့်လိုအပ်ချက်များကို
အပြန်အလှန်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြစေလို ကြောင်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးတင့်ဆန်းက လယ်ယာမြေစီမံခန့်ခွဲရေး နှင့်လောင်းကစား ပပျောက်ရေးတို့ကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ပြောကြားခဲ့သည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment