Friday, April 1, 2016

မကွေးမြို့မှာ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ ၊ မကွေးတိုင်းဒေသကြီးအတွင်း မူယစ်ဆေးဝါးနှင့် လောင်းကစားမှုများကို ပြည်သူများမှ တိုင်ကြားလျှင် ထိရောက်စွာအရေးယူပေးမည်ဟု ဆို



ဧပြီ ၁။
          မကွေးမြို့၊၂၀၁၆၊ မတ်လ(၃၁)ရက်၊ ည ၈နာရီအချိန်ခန့်၊ မကွေး- ရေနံချောင်းကားလမ်း မိုင်တိုင်အမှတ် ၃၃၆/၇ အနီးလမ်းမပေါ်တွင် မကွေးမြို့ဘက်မှ မောင်းနှင်လာသော RJX Star အမျိုးအစားဆိုင်ကယ်အား မကွေးမူးယစ်တပ်စု(၁၅)လှုပ်ရှားအဖွဲ့နှင့် တိုင်း/ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက သတင်းအရစစ်ဆေးခဲ့ကြောင်း၊ ဆိုင်ကယ်မောင်းနှင်လာသူ ကျော်ဌေး နှင့်အတူ ၀ိုင်စိန်(ခ)ရွှန်းလဲ့မေ(ခ)သော်တာ လွယ်ထားသော Diar စာတမ်းပါ အစိမ်းရောင်အမျိုးသမီးလွယ်အိပ် အတွင်းမှ Love is flower စာတမ်းပါ အစိမ်းရောင်/ အပြာရောင်/ ပန်းရောင် ကော်ဆပ်ပြာခွက်ဖြင့် ထည့်လျက် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါး ဘိန်းဖြူဟု ယူဆရသော ဖြူ/၀ါ အမှုန့် စုစုပေါင်း(၃၆.၉)ဂရမ်၊ လက်ကိုင်ဖုန်း နှစ်လုံး နှင့် ငွေကျပ်(၃၈၀၀၀ိ/)တို့အား သိမ်းဆည်း ဖမ်းမိ ကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး က ဧပြီ ၁ ရက်၊ နေ့ ၁၁ နာရီအချိန်တွင် သတင်းထုတ်ပြန်သည်။


          ဖမ်းဆည်းရမိသော တရားခံများ၏ ကွင်းဆက်ဖော်ထုတ်ချက်အရ မတ် ၃၁ ရက်၊ ည ၉ နာရီအ ချိန်တွင် မကွေးမူးယစ်တပ်စု(၁၅)လှုပ်ရှားအဖွဲ့နှင့် တိုင်း/ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက  မကွေးမြို့မရဲစခန်း မယ(ပ)၂/၂၀၁၆ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အမှုမှ တရားခံ ကျော်ဌေး နှင့်ဇနီး ၀ိုင်စိန်(ခ)ရွှန်းလဲ့မေ(ခ)သော်တာ တို့၏နေအိမ်ဖြစ်သော မကွေးမြို့၊ ပြည်တော်သာမြို့ဦးရပ်၊ နေအိမ်သို့ မူးယစ်ဆေးဝါးဖမ်းဆီးရှာဖွှေခွင့်၊ ၀ရမ်းအမှတ်(၁/၂၀၁၆)ဖြင့် သွားရောက်ရှာဖွှေခဲ့ကြောင်း၊ ယင်းနေအိမ်၌ ရောက်ရှိ နေသော ကိုမုန်အားပင် ကိုတွေ့ရကြောင်း၊ ကိုမုန်အားပင် ၏ အင်္ကျီအိတ် ကပ်အတွင်းမှ တိတ်အနက်ရောင်ဖြင့် ပတ်ထားသော ပနယ်စလင်းအတွင်း ထည့်လျက် ဘိန်းဖြူဟု ယူဆရသော ဖြူ/၀ါရောင် အမှုန့်(၀.၂)ဂရမ် ပုလင်းတစ်လုံး၊ ငွေကျပ်(၁၂၃၀၀)၊ ဖုန်းတစ်လုံး နှင့် ဆိုင်ကယ်တစ်စီးတို့ကို သိမ်းဆည်းဖမ်းမိကြောင်းသတင်းထုတ်ပြန်သည်။


          အဆိုပါ တရားခံကျော်ဌေး၏နေအိမ်၌ပင်ဆက်လက်၍ စောင့်ဆိုင်းဖမ်းဆီခဲ့ရာ ကိုစိုင်းအောင် (ခ)စောထွန်းဦး(ခ)ရဲဘော်နှင့် ဇနီး မတင်တင်ယု(ခ) မယုတို့အားတွေ့ရကြောင်း၊ မတင်တင်ယု(ခ) မယု၏ ပေါင်ပေါ်တွင် တင်ထားသော RUIFENG စာတမ်းပါ မိန်းမကိုင် လက်ဆွဲအိတ်အတွင်းမှ Love is flower စာတမ်းပါ  အပြာရောင်/ ပန်းရောင် ကော်ဆပ်ပြာခွက်(၂)ဖြင့်ထည့်ထားသော မူးယစ်ဆေးဝါးဘိန်းဖြူဟု ယူဆရသော ဖြူ/၀ါရောင်အမှုန့် စုစုပေါင်း(၁၆)ဂရမ်၊ ကွက်လပ်ဖြည့်ပါ စာတမ်းပါ ပလပ်စတစ်ဘူးဖြင့်ထည့်ထားသော ဖြူ/၀ါရောင်အမှုန့်(၀.၂)ဂရမ်ခန့်ပါ ကော်ဘူးတစ်ဘူး၊ ကမ္ဘာလုံးတံဆိပ်ပါ အပြာရောင်ပလပ်စတစ်အိတ်နှင့်ထည့်ထားသော 88/1 စာတမ်းပါ ပန်းရောင်  စိတ်ကြွရှုးသွပ်ဆေးဝါး(၁၉၅)ပြား (၁၉.၅)ဂရမ်ပါ အနက်ရောင်တိပ်ဖြင့်ပတ်ထားသော အထုပ်တစ် ထုပ်၊ ငွေကျပ်(၁၃၁၂၀၀ိ/-)၊ လက်ကိုင်ဖုန်း နှစ်လုံး၊ ဆိုင်ကယ်တစ်စီး သိမ်းဆည်းဖမ်းမိကြောင်း သတင်းထုတ်ပြန်သည်။


          ဆက်လက်၍ ကိုစိုင်းအောင် (ခ)စောထွန်းဦး(ခ)ရဲဘော်နှင့် ဇနီး မတင်တင်ယု(ခ) မယုတို့၏ နေအိမ် မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ ၁၅ လမ်း သို့ မူးယစ်ဆေးဝါးဖမ်းဆီးရှာဖွှေခွင့်၊ ၀ရမ်း အမှတ်(၂/၂၀၁၆)ဖြင့် ဆက်လက်ရှာဖွှေခဲ့ကြောင်း၊ နေအိမ်၏ အိပ်ခန်းအတွင်းရှိ D2 စာတမ်းပါ လက်ကိုင်အိတ်အတွင်း၌ ပိုက်ဆံအိတ်ဖြင့် ထည့်ထားသော ဘိန်းဖြူဟု ယူဆရသော ဖြူ/၀ါအမှုန့် (၁၁)ဂရမ်ပါ ဆပ်ပြာခွက်တစ်ခွက်၊ ZAN ကွမ်းယာစာတမ်းပါ အစိမ်းရောင်ကော်ဘူးအတွင်း၌ အနက်ရောင် ကြွပ်ကြွပ်အိပ်ဖြင့်ထည့်ထားသော 88/1 စာတမ်းပါ ပန်းရောင်  စိတ်ကြွရှုးသွပ် ဆေးဝါး(၈၈၉)ပြား (၈၈.၉)ဂရမ်ပါ ကော်ဘူးတစ်ဘူး တို့ကို ရှာဖွှေဖမ်းဆီးရမိကြောင်း သတင်း ထုတ်ပြန်၍  သတင်းရရှိသည်။


`` မကွေးမြို့က တက္ကသိုလ်ပေါင်းစုံ၊ ကျောင်းသား၊ ကျောင်းသူများစွာနေထိုင်နေတဲ့အတွက် မူးယစ် ဆေးဝါး နဲ့ လောင်းကစားမူများကို သတင်းပေးတိုင်ကြားပေးကြပါ။ ကျွန်တော်တို့ ရဲတပ်ဖွဲ့ကို ပြည်သူတွေရော သတင်းမီဒီယာတွေပါ ပူးပေါင်းဆောင်ရွက်ပေးကြပါ၊´´ ဟု မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်လွင် ကပြောကြားသည်။ အောက်ပါ ဟော့လိုင်းဖုန်းနံပတ်များသို့ တိုက်ရိုက် ဆက်သွယ် သတင်းပေးတိုင်ကြားနိုင်ကြောင်း သတင်းရရှိသည်။ 

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး              ၀၆၃- ၂၈၀၉၉

မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး                          ၀၆၃- ၂၅၀၀၅
                                                          ၀၆၃- ၂၈၄၉၂

မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူးရုံး                          ၀၆၅- ၂၁၀၀၅
                                                          ၀၆၅- ၂၁၀၁၂

သရက်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး                          ၀၆၈- ၂၁၀၃၁
                                                          ၀၆၈- ၂၁၀၀၂

ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူးရုံး                          ၀၆၂- ၂၁၀၈၀
                                                          ၀၆၂- ၂၃၀၀၈

ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှူးရုံး                          ၀၆၂- ၅၀၀၃၈
          အယ်ဒီတာချုပ်
မြေလတ်ဂျာနယ်

0 comments:

Post a Comment