Sunday, May 1, 2016

လေပြင်းမုန်တိုင်းတိုက်ခိုက်၍ နေအိမ်အချို့နှင့်စေတီထီးတော်ပြုတ်ကျ


ပွင့်ဖြူ     ဧပြီ     ၃၀
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်  ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာတွင် ယနေ့ ညနေ ၃ နာရီက လေပြင်းမုန်တိုင်းတိုက်ခိုက်၍ လူနေအိမ်အချို့ သွပ်မိုးများလွှင့်စင်ပျက်စီးခဲ့ပြီး ရွာဦးစေတီ ၏ ထီးတော်  ပြုတ်ကျ မြေခခဲ့သည်။
ယင်းလေပြင်းတိုက်ခိုက်မှုကြောင့် ပွင့်ဖြူမြို့နယ်တွင် လူနှင့်တိရစ္ဆာန်များ ဒဏ်ရာရ သေဆုံး မှုမရှိသော်လည်း လူနေအိမ်အမိုးများ ပျက်စီးခြင်းသစ်ပင်သစ်ကိုင်းများကျိုးကျ၍လျှပ်စစ်မီးတိုင်များ ပြိုလဲခြင်း လျှပ်စစ်မီးပြတ်တောက်ခြင်းနှင့်ကားလမ်းများ ယာယီပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး

0 comments:

Post a Comment