Saturday, April 9, 2016

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ လုပ်ငန်းညှိနှိုင်းဆွေးနွေး


မကွေး     ဧပြီ     ၈
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို ယနေ့နံနက်  ၉ နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးများနှင့်ဌာနဆိုင်ရာ အကြီးအကဲ များက ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုအား တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီး ၀န်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်ချက် နှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဂတိ တရားကင်းရှင်းစွာဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် အဂတိတရား ကင်းရှင်းစွာဖြင့် လုပ်ကိုင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းကို အဓိကထား ပြောကြားလိုပါကြောင်း၊ ဌာန၀န်ထမ်းများအနေဖြင့် တစ်ဦးနှင့်တစ်ဦး လေးစားယုံ ကြည်မှုရှိစွာ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ပြောင်းလဲလာသောခေတ်စနစ်နဲ့အညီ နိုင်ငံ တော်ဖွဲ့ဖြိုးတိုးတက်ရေး အတွက်ကျရာ အခန်းကဏ္ဍများမှ ပိုမိုကြိုးပန်းဆောင်ရွက်ကြရန်လိုအပ် ပါကြောင်း၊ မိမိတို့ကျွမ်းကျင်တတ်မြောက် ပြီးဖြစ်သော အသိပညာ အတတ်ပညာများနှင့် အတွေ့ အကြုံများကို ပေါင်းစပ်ကာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပြည်သူ့အကျိုးအတွက် ထိရောက်စွာပြောင်းလဲမည့် အရာများ၊ လုပ်ငန်းစဉ်များကို  အစိုးရအဖွဲ့အနေဖြင့်  ထိထိရောက်ရောက် ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း စသည်ဖြင့် ပြေကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဌာနဆိုင်ရာ အကြီးအကဲများက ဌာနလုပ်ငန်းတာဝန်နှင့် ရှေ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဌာနတစ်ခုချင်းအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက အစိုးရဖွဲ့စည်းမှုနှင့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်း ပြောကြားသည်။၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဌာနအလိုက်တင်ပြမှုများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ဌာနဆိုင်ရာများအနေဖြင့် နိုင်ငံတော်နှင့် တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းများလုပ်ဆောင်ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လက်တွဲညီညီ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် နိဂုံးချုပ်ပြောကြားခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ စုစုပေါင်းအင်အား(၁၀၂)ဦးတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)


 







0 comments:

Post a Comment