Thursday, April 28, 2016

လယ်လယ်ယာမြေ လျော်ကြေးများ မှန်ကန်စေရေးနှင့် ပုံစံ ၇ များ ရရှိရေးဆောင်ရွက်




မကွေး     ဧပြီ     ၂၇
မကွေးမြို့နယ် နံကပ်ကျွန်း ကျေးရွာအုပ်စုအတွင်း စစ်မှုထမ်းအိမ်ယာ တည်ဆောက်ရန် သိမ်းဆည်း ထားသော ထုံးပေါက်တောနှင့်ကန်ရွာလေးကျေးရွာအနီးရှိ လယ်ယာမြေများနှင့်ပတ်သက်၍ လျော်ကြေး နစ်နာမှုများ မှန်မှန်ကန်ကန် တိတိကျကျ ဖြစ်စေရေးနှင့်  ပုံစံ ၇ များ ရရှိစေရေးတို့ အတွက် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့်တာဝန်ရှိသူများသည် ယနေနံနက် ၈ နာရီက အဆိုပါကျေးရွာများရှိ လယ်ယာမြေ သိမ်းဆည်းခံ ဒေသခံပြည်သူများထံ သွားရောက်တွေဆုံ၍  ပေါင်းစပ် ညှိုနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်အတူ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးနိုင်ဦး၊မကွေးမြို့အမှတ်(၁)(၂)မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်လယ်ယာမြေ သိမ်းဆည်းခံ ဒေသခံပြည်သူများ တက်ရောက်တွေ့ဆုံဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment