Sunday, April 17, 2016

မင်းဘူး(စကု)မြို့နယ် သက်ကြီးပူဇော်ပွဲကျင်းပ


မင်းဘူး       ဧပြီ       ၁၇
မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်၏ ၁၃၇၈-ခုနှစ်၊မြန်မာနှစ်ဆန်း(၁)ရက်နေ့ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ဧပြီလ(၁၇)ရက်နေ့ နံနက်(၈)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းနိုင်မှ အဘိုးအဘွားတို့အား သက်ကြီးပူဇော်ပွဲကျင်းပပြုလုပ် ရသည့်ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြပြီး ကြွရောက်လာသောဧည့်သည်တော်များမှ အဘိုးအဘွားတို့အား လှူဖွယ် ပစ္စည်းများဖြင့် ကန့်တော့ကြပါသည်။ထို့နောက် အဘိုးအဘွားများကိုယ်စား အဘိုးတစ်ဦးမှ သြ၀ါဒ အမှာစကား ပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ သက်ကြီးပူဇော်ပွဲတွင် မင်းဘူးမြို့ပေါ်(၄)ရပ်ကွက်အတွင်းရှိ အသက်(၈၀)နှင့် အထက် အဘိုးအဘွား (၆၀)ဦးတို့အား အဟာရဖြည့်အစားအစာများ၊အ၀တ်အထည်များ၊ဆေးဝါးများနှင့် ထောက်ပံ့ငွေများစုစုပေါင်း (၉)သိန်းကျော်ခန့် လှူဒါန်းကန်တော့ခဲ့ကြပြီး အခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့ ၀င်များ၊စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment