Saturday, April 9, 2016

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ ပခုက်္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ နန်းဦးကျေးရွာနှင့် ထန်းတောကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်


    ၂၀၁၆ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့ ညနေ (၆)နာရီ (၄၀)မိနစ်အချိန်မှ (၇)နာရီ (၂၀)မိနစ်အချိန်ထိ မကွေးတိုင်းဒေသကြီး၊ ပခုက်္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ နန်းဦးကျေးရွာအုပ်စု၊ နန်းဦးကျေးရွာနှင့် ထန်းတော ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့၍ နေအိမ်အဆောက်အဦများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွား ခဲ့ကြောင်း သတင်းရှိသည်။

သတင်းအရ ဧပြီလ ၇ ရက်နေ့ နံနက် (၇)နာရီ (၂၀)မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်လွင်၏ လမ်းညွှန်မှု၊ ပခုက်္ကူခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှဝင်း၏ ဦးဆောင်မှုဖြင့် ရေစကြိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးလွင် ဦးစီး ရဲတပ်ဖွဲ့ဝင် (၄၀)ဦး၊ ပခုက်္ကူခရိုင်လုံခြုံရေးတပ်ခွဲမှူး ဒုတိယရဲမှူး စိုးလှိုင် ဦးစီး ရဲတပ်ဖွဲ့ဝင် (၄၀)ဦး၊ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း (၈၀)ဦးတို့သည် လေဘေးသင့်ပြည်သူများအား ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ရေး သွားရောက်ခဲ့ကြသည်။

နံနက် (၈) နာရီ အချိန် နန်းဦးကျေးရွာအုပ်စု၊ ထန်းတောကျေးရွာသို့ ရောက်ရှိခဲ့ကြောင်း၊ လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ အမိုးလန်၊ ထရံကွာ၊ ပြိုကျ၊ သစ်ပင်ပိ၊ ပျက်စီးနေအိမ်များအား ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများပူးပေါင်း၍ အကူညီပေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

 မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်လုံခြုံရေးတပ်ခွဲမှူးတို့မှ ကူညီဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှု ကြပ်မတ်ကာ လေဘေးသင့်မိသားစုများအား နှစ်သိမ့်အားပေးခြင်း၊ ကျေးရွာရပ်မိရပ်ဖများ၊ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် ဆယ်အိမ်စုမှူးများနှင့်အတူ လေဘေးသင့်မှုကြောင့် ပျက်စီးစာရင်းအရ အိမ်ခြေ (၄၆)အိမ်အား တစ်အိမ်ချင်း လိုက်လံကြည့်ရှုသည်။

 သာမန်သာပျက်စီးခဲ့သော အချို့နေအိမ်များမှာ ပြုပြင်ရှင်းလင်း ဆောင်ရွက်ပြီး ဖြစ်သဖြင့် အကူအညီပေးရန်လိုအပ်သည့် ထန်းတောကျေးရွာမှ နေအိမ် (၁၆)လုံး၊ နန်းဦးကျေးရွာမှ နေအိမ် (၅)လုံး၊ စုစုပေါင်း နေအိမ်(၂၁)လုံးတွင် နေအိမ် (၃)အိမ်အား သစ်ပင်ပိနေ၍ သစ်ကိုင်းများ ဖြတ်တောက် ရှင်းလင်းခြင်း၊ ပစ်္စည်းများ ကူညီသယ်ပိုးပေးခြင်း၊ အမိုးလန် နေအိမ် (၁၁)လုံးအား ပြန်လည်မိုးရာတွင် ကူညီဆောင်ရွက်ပေးကြသည်။

၊ ထန်းပင်လဲကျ၍ နေအိမ်(၂)လုံး ခြံအ၀င်ဝ ပိတ်ဆို့နေမှုအား ဖြတ်တောက်ရှင်းလင်းပေးခြင်း၊ နေအိမ် (၂)လုံး၏ ယိုင်သွားသော အိမ်တိုင်များအား ပြန်လည်တည့်မတ် ပေးခြင်း၊ ပြိုကျပျက်ဆီးသွားသော နေအိမ် (၃)လုံးမှ နေအိမ်အဆောက်အဦ ပစ်္စည်းများအား ကူညီသယ်ပိုး စုပုံပေးခြင်း၊ ကျေးရွာအခြေခံပညာ မူလတန်းကျောင်း ခြံစည်းရိုးလဲကျပျက်ဆီးနေမှုအား ပြန်လည် ပြုပြင် ကာရံပေးခြင်းများ ပြုလုပ်ခဲ့ရာ ညနေ (၃)နာရီခွဲအချိန် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
အယ်ဒီတာအဖွဲ့
မြေလတ်ဒေသ နေ့စဉ်သတင်းစာ(အွန်လိုင်း)

0 comments:

Post a Comment