Friday, April 1, 2016

တောင်တွင်းကြီးမြို့ ပြည်သူအများစုပေါင်း၍ နိုင်ငံတော်အစိုးရသစ်နှင့် သမ္မတကြီးဦးထင်ကျော် အားကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒီကနေ့ ဧပြီလ ( ၁ ) ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က

တောင်တွင်းကြီးမြို့ ပြည်သူအများစုပေါင်း၍ နိုင်ငံတော်အစိုးရသစ်နှင့် သမ္မတကြီးဦးထင်ကျော် အားကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒီကနေ့ ဧပြီလ ( ၁ ) ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က မြို့နယ်ပြည်သူ့ဆေးရုံအတွင်း ဆေးကုသမှုခံယူနေသော လူနာများအားအဟာရဒါန ကြက်သားဆန်ပြုပ်နှင့် သောက်ရေသန့်ဗူးများလှူဒါန်းပေးခဲ့ပါတယ်။
နေ့လည် ၁၂ နာရီအချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းအတွင်းရှိ အချုပ်သား ၅၀ ကျော်အား နေ့လည်စာထမင်းဟင်းများဖြင့် ကျွေးမွေးလှူဒါန်းပေးခဲ့ပါတယ်။
( အချုပ်ခန်းအတွင်းမှလှူဒါန်းကျွေးမွေးမှု မှတ်တမ်းပုံများအား ရိုက်ယူခွင့်မပြုသည့်အတွက် တင်ပြပေးနိုင်ခြင်းမရှိပါ။ )

0 comments:

Post a Comment