Monday, April 11, 2016

ငဖဲမြို့နယ်၊ ဆူးပဒေါင်းကျေးရွာအုပ်စု၊ ကျောက်ဆုံကျေးရွာသို့ ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရုံးမှ သွားရောက်ရေလှူဒါန်း

ငဖဲမြို့နယ်၊ ဆူးပဒေါင်းကျေးရွာအုပ်စု၊ ကျောက်ဆုံကျေးရွာ ကျေးလက်နေပြည်သူများသည် သုံးရေအတွက်ကျေးရွာရှိမြေသားမိုးရေလှောင်ကန်များမှ ရယူသုံးစွဲနိုင်သော်လည်း သောက်ရေအတွက် အခက်အခဲဖြစ်နေပါသဖြင့် ကူညီဆောင်ရွက်ပေးနိုင်ပါရန် ကျေးရွာအုပ်ချုပ်ရေးမှူးမှ တင်ပြအကူအညီတောင်းခံမှုကြောင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဂါလံ(၈၀၀)ဆံ့ မော်တော်ယာဉ်တစ်စီးဖြင့်လည်းကောင်း၊ မြို့နယ်ကျေးလက်ဦးစီးဌာနပိုင်(၅)ဂါလံရေဘူး(၁၀၀)ဘူး ဂါလံ(၅၀၀)အားဖောကားဖြင့်လည်းကောင်း၊ စုစုပေါင်းရေဂါလံ(၁၃၀၀)သယ်ဆောင်၍ (10.4.2016) ရက်နေ့တွင် ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရုံးမှ သွားရောက်ရေလှူဒါန်းခဲ့ကြောင်း

0 comments:

Post a Comment