Sunday, May 1, 2016

ကြက်ငှက်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ပူးပေါင်းကွင်းဆင်းဆောင်ရွက်


ပေါက်     ဧပြီ     ၂၈
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ်အတွင်း ကြက်ငှက်တုတ်ကွေးရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်မှုတစ်ရပ်အဖြစ် ပေါက်မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင် စည်ပင်သာယာဈေးအတွင်း ရောင်းချလျှက်ရှိသော ကြက်ဥနှင့်ကြက်သားရောင်းချလျှက် ရှိသည့် ဈေးဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်းနှင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကြက်မွေးမြူရေးခြံ များအား ကာကွယ်ရေးအတွက် ပိုးသတ်ဆေးပက်ဖျန်းခြင်းတို့ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြ ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment