Saturday, April 9, 2016

စားသုံးရန်မသင့်ကြောင်း တရားဝင်ကြော်ငြာထားသည့် အမှတ်တံဆိပ်များ ဆက်လက်ရောင်းချခြင်း မရှိစေရေးစစ်ဆေး


ဆော     ဧပြီ     ၉
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေး နှင့်သီရိ/ဇေယျာ ရပ်ကွက်များအတွင်းရှိ ကုန်စုံဆိုင်များအား  ကျန်းမာရေးဝန်ကြီးဌာနမှ စားသုံးရန် မသင့်ကြောင်း တရားဝင်ကြော်ငြာထားသည့် ရတနာအမှတ်တံဆိပ်ငပိ များအားဈေးကွက်အတွင်း ဆက်လက်ရောင်းချခြင်း မရှိစေရေး ဆောမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမြင့်နိုင်၊တာဝန်ခံအင်ဂျင်နီယာ ဦးသက်နိုင်ထွန်း၊သီရိရပ်ကွက်နှင့် ဇေယျာရပ်ကွက်တို့မှ အုပ်ချုပ် ရေးမှူးတို့ ပါဝင်သောအဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီခွဲက ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment