Tuesday, April 5, 2016

မကွေးတိုင်းဒေသကြီး ဝန်ကြီးများ၊ ဥပဒေချုပ်နှင့်စာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူ အတည်ပြု ကြေညာ




မကွေး      ဧပြီ     
          ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် (၁၀း၀၀)နာရီအချိန်က မကွေးတိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ စတင်ကျင်းပပြုလုပ်ရာ  မကွေးတိုင်းဒေသကြီး ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးအပ်နိုင်ရန် မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်မှ အဆိုပြုလာသည့် ဝန်ကြီးများ အမည်စာရင်းမှာ-(က)          အောင်လံမဲဆန္ဒနယ်အမှတ်(၁)မှ ဦးဇော်မင်း(ခ)ဂန့်ဂေါ မဲဆန္ဒနယ် အမှတ်   (၁)  မှ ဦးမြင့်ဇော်( ဂ )          နတ်မောက်မဲဆန္ဒနယ်အမှတ်(၂) မှ ဒေါက်တာခင်မောင်အေး (ဃ) မင်းဘူးမြို့နယ်မှ                           ဦးစိုးမြင့်( ၈/မဘန (နိုင်) ၀၀၁၉၂၈ )( င ) သရက်မြို့နယ်မှဦးတင်နွယ်ဦး(၈/စလ(နိုင်)၀၅၆၃၇၃)တို့ဖြစ်ကြောင်း          တင်ပြခဲ့ရာ ယင်းအမည်စာရင်းနှင့် စပ်လျဉ်း၍ ယနေ့မွန်းလွဲ(၁၃း၀၀)နာရီအချိန်၌ ဆက်လက် ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သည့်အတွက် ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ် များရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁(က)ပါ သတ်မှတ်အရည် အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားပြ၍ ယခုအစည်းအဝေး(နံနက်ပိုင်း) ပြီးဆုံးသည့် အချိန်တွင် လွှတ်တော်ရုံး ညွှန်ကြားရေးမှူးထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာခဲ့သည်။
          ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်မှ အဆိုပြုတင်ပြလာသည့် အမည်စာရင်းမှာ ဦးဆန်းလင်း၊ (၈/ရနခ(နိုင်) ၀၂၇၃၇၇) ဖြစ်ကြောင်း ယင်းအမည်စာရင်းနှင့် စပ်လျဉ်၍ ယနေ့မွန်းလွဲ(၁၃း၀၀)နာရီ အချိန်၌ ဆက်လက်ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သည့်အတွက် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၆(က)ပါ သတ်မှတ်အရည် အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားပြ၍ လည်းကောင်း၊ မကွေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ်မှ အဆိုပြုတင်ပြလာသည့် အမည်စာရင်းမှာ ဦးလှသန်း၊ ၁၂/မဂတ(နိုင်) ၀၃၇၀၄၅ ဖြစ်ကြောင်းတင်ပြခဲ့ပြီး ယင်းအမည်စာရင်းနှင့် စပ်လျဉ်း၍ ယနေ့မွန်းလွဲ(၁၃း၀၀)နာရီအချိန်၌ ဆက်လက် ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သည့်အတွက် ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၇၁(က)ပါ သတ်မှတ်အရည် အချင်းများနှင့် မပြည့်စုံ ကြောင်းအထင်အရှားပြ၍ ယခုအစည်းအဝေး(နံနက်ပိုင်း) ပြီးဆုံးသည့် အချိန်တွင် လွှတ်တော်ရုံး ညွှန်ကြား ရေးမှူးထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
          ၂၀၁၆ ခုနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်းအတည်ပြုပေးရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အဆိုတင်သွင်းကာ စေတုတ္တရာ မဲဆန္ဒနယ် အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦးမှ ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့် အတိုင်း အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
          ထို့နောက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းဥပဒေကြမ်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းပြီး ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ၂၀၁၆ ခုနှစ်၊ ဧပြီလ(၆)ရက် (၁၁)ရက်နေ့ လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သည့်အတွက် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဆွေးနွေးလိုသည့် အပိုဒ်၊ အကြောင်းအရာတို့ကို ဖော်ပြ၍ ယနေ့ရုံးချိန်အတွင်း လွှတ်တော်ရုံးညွှန်ကြားရေးမှူးထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
          ဆက်လက်၍ အစည်းအဝေးကို မွန်းလွဲ (၁၃း၀၀)နာရီအချိန်တွင် ပြန်လည်စတင်ခဲ့ရာ မကွေးတိုင်း ဒေသကြီးဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးအပ်နိုင်ရန်မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အဆိုပြုလာသည့် ဝန်ကြီးများ အမည်စာရင်းနှင့်စပ်လျဉ်း၍ ကန့်ကွက်ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ မရှိသည့် အတွက် လွှတ်တော်၏သဘောတူညီချက်ရယူကာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာပြီး ၎င်းပုဂ္ဂိုလ်၏အမည်စာရင်းနှင့် စပ်လျဉ်း၍ ၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၃ အရ လွှတ်တော်ကသဘောတူကြောင်း ဆုံးဖြတ်ချက်ကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးပို့ သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။
          ၎င်းနောက် မကွေးတိုင်းဒေသကြီး ဥပဒေချုပ်နှင့် မကွေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အဆိုပြုတင်ပြလာသည့် အမည်စာရင်းနှင့်စပ်လျဉ်း၍ ကန့်ကွက်ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ မရှိသည့်အတွက် လွှတ်တော်၏သဘောတူညီချက် ရယူကာ လွှတ်တော်ကသဘောတူအတည်ပြုကြောင်း ကြေညာပြီး ၎င်းပုဂ္ဂိုလ်၏အမည်စာရင်းနှင့် စပ်လျဉ်း၍ ၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၃ အရ လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ချက်ကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးပို့သွားမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၁)ရက်နေ့ အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ ဧပြီ ၆ ရက် (ဗုဒ္ဓဟူးနေ့) နံနက်(၁၀း၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပ မည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကကြေညာကာ ဒသမနေ့ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment