Thursday, April 28, 2016

စေတုတ္တရာမြို့တွင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် တွေ့ဆုံပွဲကျင်းပ




စေတုတ္တရာ    ဧပြီ      ၂၈
          မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ဧပြီလ (၂၅)ရက်နေ့ နံနက်(၁၀)နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်းနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။
          အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်းမှ အဖွင့် အမှာစကားပြောကြားပြီး၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြပါသည်။ထို့နောက် စေတုတ္တရာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်မှ လွှတ်တော်အစည်းအဝေးအတွေ့အကြုံများကို ရှင်းလင်း ပြောကြားပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများမှ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများ ကို ရှင်းလင်းတင်ပြကြပါသည်။
          ဆက်လက်၍မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်း မှ ဌာနဆိုင်ရာ အကြီးအကဲများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန်မှာကြားကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment