Monday, April 4, 2016

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ချင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးတို့ ကတိသစ္စာပြု


မကွေး       ဧပြီ      ၎
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး နဝမနေ့ကို မကွေးတိုင်း ဒေသကြီး လွှတ်တော်ခန်းမ၌ ယနေ့နံနက်(၁၀း၀၀)နာရီက စတင်ကျင်းပရာ မကွေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ်မှ အဆိုပြုလာသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးနိုင်ဦး အား ကန့်ကွက်ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ မရှိသည့်အတွက် လွှတ်တော်၏သဘောတူညီချက်ရယူကာ လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာပြီး ၎င်းပုဂ္ဂိုလ်၏အမည်စာရင်းနှင့် စပ်လျဉ်း၍ ၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၃ အရ လွှတ်တော်ကသဘောတူကြောင်း ဆုံးဖြတ်ချက်ကို မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ထံ ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။
ထို့နောက် ချင်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းအား ချင်း တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအဖြစ် ဆောင်ရွက်ရန် အဆိုပြုတင်ပြခြင်းကို လွှတ်တော်တွင်မှတ်တမ်း တင်ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ချင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးတို့မှ ကတိသစ္စာပြုသည်။
ဆက်လက်၍ ၂၀၁၆ ခုနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းအပေါ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ သဘောထားမှတ်ချက် အစီရင်ခံစာ ကို မကွေးမဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်မှ လွှတ်တော်သို့ ဖတ်ကြားတင်သွင်း ပြီး ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ချောက်မဲဆန္ဒနယ် အမှတ် (၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း မှ ထောက်ခံဆွေးနွေးခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ကိုယ်စား ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြား ရေးမှူး ဦးသိန်းဝင်း မှ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့သည်။
ပြီးနောက် ၂၀၁၆ ခုနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း၏ တစ်ပိုဒ် ချင်းစီအလိုက် အတည်ပြုရန် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်က သဘောတူ သည့်အတွက် အဆိုအတည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး ဒုတိယအကြိမ် မကွေးတိုင်း ဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒသမနေ့ အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ ဧပြီလ ၅ ရက် (အင်္ဂါနေ့) (၁၀း၀၀)နာရီအချိန်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း ကြေညာကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
    သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment