Wednesday, April 6, 2016

စိုက်ပျိုးရေးအခက်အခဲရှိပါက ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ် ဆိုင်းဘုတ်များ စိုက်ထူပေး




မြိုင်-ဧပြီ-၎

                   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်  စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံတောင်သူများ စိုက်ပျိုးရေး အခက်အခဲများ ရှိလာပါက မိမိဌာနနှင့် တာဝန်ရှိဝန်ထမ်းများအား အလွယ်တကူ ဆက်သွယ်အကူအညီ
တောင်းခံနိုငိရန် မိမိဌာန ဖုန်းနံပါတ်နှင့်တာဝန်ရှိသူများ ဖုန်းနံပါတ်ပါသော ဆိုင်းဘုတ်များကို ဧပြီ(၄)ရက်နေ့က
မြို့နယ်အတွင်းရှိ မြို့ဝင်၊ မြို့ထွက်များနှင့် ဇုံ(၅)ဇုံအတွင်း စိုက်ထူပေးထားကြောင်းသိရသည်။
                   ထိုကဲ့သို့ ဖုန်းနံပါတ်ပါသော ဆိုင်းဘုတ်များ စိုက်ထူထားရခြင်းမှာ စိုက်ပျိုးရေးရာ အခက်အခဲ
ပြဿနာများ တွေ့ကြုံလျှင် မြိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသို့ အချိန်မရွေး အချိန်နှင့်တပြေးညီဆက်သွယ်အကူ
အညီ တောင်းခံရန်၊ ရာသီဥတုပူပြင်းခြောက်သွေ့မှုကြောင့် စိုက်ကွင်းတွေမှာ ရေလိုအပ်မှုကြောင့်ဖြစ်စေ၊ ပိုးမွှား/
ရောဂါကြောင့်ဖြစ်စေ၊ အခြားစိုက်ပျိုးရေးဆိုင်ရာ နည်းပညာအခက်အခဲများ တွေ့ကြုံနေလျှင်ဖြစ်စေ အမြန်ဆုံး
အကြောင်းကြားနိုင်ရန် ရည်ရွယ်ပြီး စိုက်ကွင်း၊ စိုက်ကွက်တွေမှာပါ စိုက်ထူပေးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး
ဌာန၊ မြို့နယ်ဦးစီးမှူး ဦးခင်ဦးက ပြောပြသည်။
                   ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်အေမွန်အိကလည်း ဆက်သွယ်ရန်ဖုန်းနံပါတ် ဆိုင်းဘုတ်များရဲ့
ရည်ရွယ်ချက်၊ အဓိက ဦးတည်ချက်က တောင်သူတွေကို စိုက်ပျိုးရေးနှင့်ပတ်သက်၍ အခက်အခဲမရှိစေရန် အတတ်
နိုင်ဆုံး ကူညီပေးဖို့ တောင်သူများအနေဖြင့် ဖုန်းဖြင့် ဆက်သွယ်ခဲ့လို့ ကွင်းဆင်းဝန်ထမ်းများ အချိန်နှင့်တပြေးညီ
ကွင်းထဲ အရောက်ကူညီဆောင်ရွက် ပေးခဲ့ပါကြောင်း နောက်နောင်လည်း ဆက်သွယ်လာခဲ့ပါက ကွင်းထဲအရောက်
ကူညီပေးဖို့ အဆင်သင့်ရှိပါကြောင်း မိမိဌာန၏  ဆက်သွယ်အကူအညီတောင်းခံရန် ဖုန်းနံပါတ်ပါ ဆိုင်းဘုတ်များ
နေရာအနှံ့ စိုက်ထူပေးထားတာကြောင့် ဒေသခံတောင်သူများ အဆင်ပြေစွာ လုပ်ကိုင်ဆောင်ရွက်ကြမှာဖြစ်ကြောင်း
ပြောပြသဖြင့်သိရသည်။

(အောင်ကျော်မြင့်)

0 comments:

Post a Comment