Sunday, May 1, 2016

ယာဉ်အန္တရာယ်ကင်းရှင်းရေး စုပေါင်းဆောင်ရွက်



ပွင့်ဖြူ     ဧပြီ      ၂၉
ပွင့်ဖြူမြို့နယ်တွင် ခရီးသွားလာပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန် မြို့နယ် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ ဧပြီလ (၂၆)ရက်နေ့မှ (၃၀)ရက်နေ့အထိ ဆိုင်ကယ် မောင်းနှင်း သူများအား လူ(၂)ဦးထက် ပိုမစီးရန်နှင့် ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန်တို့အား အသိပညာပေးဆောင်ရွက်ခြင်း ကို ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ နေ့စဉ် နံနက်(၇)နာရီမှ ညနေ(၀၆း၃၀)အထိ ဆောင်ရွက်လျက်ရှိရာ မေလ(၂)ရက်နေ့မှစတင်၍ ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်၍ မြို့နယ် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ အဖွဲ့(၂)ဖွဲ့ခွဲကာ မြို့ပတ်လမ်းနှင့် မုန်းချောင်းတံတားဂိတ်တို့တွင် စစ်ဆေးအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment