Sunday, May 1, 2016

ရေရှားပါးသော ကျေးရွာအုပ်စုများသို့ သောက်သုံးရေများလှူဒါန်း


မြိုင်-ဧပြီ-၃၀

မကွေးတိုင်းဒေသကြီး၊ ၀န်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီမံမှုဖြင့် မြို့နယ်လမ်းဦးစီးဌာနက မြို့နယ်တွင်း ရေရှားပါးသော ကျေးရွာအုပ်စုကျေးရွာများသို့ သောက်သုံးရေများ လှူဒါန်းမှုကို ဧပြီ(၂၇)ရက်မှ(၃၀)ရက်နေ့အထိ လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါရေလှူဒါန်းမှုကျေးရွာအုပ်စုများမှ ကျေးရွာများမှာ ဧပြီ(၂၇)ရက်နေ့က ကွန်လပ်
ကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာသို့ အိမ်ထောင်စု (၈၀)မှ လူဦးရေ(၃၀၀)အား ရေဂါလံ (၁၆၀၀)ဂါလံ၊ ရွာတန်းရှည်ကျေးရွာအုပ်စု၊ ဇီးတောတိုက်ကျေးရွာ အိမ်ထောင်စု(၉၀)မှ လူဦးရေ(၄၉၅)ဦးအား  ရေဂါလံ
(၈၀၀)နှင့် ရွာတန်းရှည်ကျေးရွာအုပ်စု၊ ဆယ်ပြားကျေးရွာသို့ အိမ်ထောင်စု(၉၁)မှ လူဥိးရေ(၅၀၇)ဦးတို့အား
ရေဂါလံ(၈၀၀)တို့ကို လှူဒါန်းခဲ့ကြသည်။
ထို့နောက် ဧပြီ(၂၈)ရက်နေ့က ညောင်ရွာကျေးရွာအုပ်စု၊ ပန်းတိုင်းတော(န)ကျေးရွာမှ
အိမ်ထောင်စု(၃၁၀)မှ လူဦးရေ (၁၃၄၉)အား ရေဂါလံ(၃၂၀၀)နှင့် လင်းကတောကျေးရွာအုပ်စု၊ ပူတွင်း
ကျေးရွာမှ အိမ်ထောင်စု(၅၀) လူဦးရေ(၃၁၈)အား ရေဂါလံ(၂၄၀၀)တို့ကို လှူဒါန်းခဲ့သည်။
ဆက်လက်၍ ဧပြီ(၂၉)ရက်နေ့တွင် ဆိတ်ချေးကျေးရွာ အိမ်ထောင်စု(၂၉၇)မှ လူဦးရေ
(၁၆၅၇)အား ရေဂါလံ(၁၈၀၀)၊ ဧပြီ(၃၀)ရက်နေ့တွင် တဲကြီးတောင်ရွာ အိမ်ထောင်စု(၈၀)မှ လူဦးရေ
(၄၂၀)အား ရေဂါလံ(၂၄၀၀)နှင့် လင်းကတောကျေးရွာအုပ်စု ပူတွင်းကျေးရွာ အိမ်ထောင်စု(၅၀)မှ
လူဦးရေ (၃၁၈)ဦးတို့အား ရေဂါလံ(၂၄၀၀)တို့ကို ထပ်မံလှူဒါန်းခဲ့ကြောင်းသိရသည်။

(အောင်ကျော်မြင့်)
         မြို့နယ်သတင်းထောက်
      မြိုင်မြို့

0 comments:

Post a Comment