Sunday, April 3, 2016

နွေရာသီ အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနား ကျင်းပ




စေတုတ္တရာ     ဧပြီ        
မင်းဘူးခရိုင် စေတုတ္တရာမြို့ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ တွင် အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁ ရက်၊ နံနက် (၉း၀၀) နာရီက ကျင်းပပြုလုပ်ရာ မင်းဘူခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က အဖွင့်အမှာစကားပြောကြားကာ ရေနံချောင်း ရေနံချောင်း ဒီဂရီကောလိပ်(တွဲဖက်)ပါမောက္ခ သတ္တဗေဒဌာနမှ ဒေါက်တာ ဒေါ်မြင့်မြင့်နိုင်က မိတ်ဆက်စကားပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ပညာရေးမှူး ဒေါ်ခိုင်မာလာမှ အခြေခံစာတတ်မြောက်ရေးအတွက် လုပ်အားပေးဆောင်ရွက်မည့် ရေနံချောင်း ဒီဂရီကောလိပ်မှ ကြီးကြပ် ဆရာ/ဆရာမများနှင့် ဆင့်ပွားသင်တန်းဆင်း ကျောင်းသားကျောင်းသူများ၊ ဒေသခံ ဆရာ/ဆရာမများအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးတွင် ၂၀၁၆ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကို စေတုတ္တ ရာမြို့နယ်နှင့်မင်းလှမြို့နယ်များတွင်ဆောင်ရွက်သွားမည်ဖြစ်ရာ  မင်းလှမြို့နယ်တွင် မကွေးတက္က သိုလ်မှ ကြီးကြပ်ဆရာ/ဆရာမ (၇)ဦးနှင့် ကျောင်းသားကျောင်းသူ(၇၃)ဦးတို့မှ မင်းလှမြို့နယ် ကျေးရွာအုပ်စု(၆၃)အုပ်စုရှိ စာသင်ဝိုင်း(၇၃)၀ိုင်းမှ ဒေသခံ(၈၈၅)ဦးအား လည်းကောင်း၊ စေတုတ္တရာမြို့နယ်တွင် ရပ်ကွက် /ကျေးရွာ (၂၇) အုပ်စုတွင် စာသင်ဝိုင်း(၃၁)၀ိုင်း၊ သင်ယူသူ ဒေသခံ(၂၂၀)ဦးတို့အား ရေနံချောင်း ဒီဂရီကောလိပ်မှ ကြီးကြပ်ဆရာမ(၃)ဦး၊ ဆင့်ပွားသင်တန်း ဆင်း ကျောင်းသားကျောင်းသူ(၃၁)ဦးနှင့် ဒေသခံ ဆရာ/ဆရာမများတို့မှလည်းကောင်း၊ စာတတ် မြောက်ရေးသင်ကြားပို့ချမှုများကို ဧပြီလ (၁) ရက်နေ့မှ မေလ (၁၅) ရက်ထိ (၄၅)ရက် ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
                                                                                        သန်းနိုင်ဦိး(ငဖဲ)

0 comments:

Post a Comment