Sunday, May 1, 2016

စေတုတ္တရာမြို့နယ်တွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပပြုလုပ်


စေတုတ္တရာ ၊ ဧပြီ - ၁၇
မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့ကျရောက်တိုင်း နှစ်စဉ်ကျင်းပမြဲဖြစ်သည့် သက်ကြီး ပူဇော်ပွဲအခမ်းအနားကို ၂၀၁၆ ခုနှစ်အတွက် ဧပြီ ၁၇ ရက်နေ့၊ နံနက်ပိုင်းက စေတုတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတွင် အသက်(၈၀)နှင့် အထက် အဘိုး၊ အဘွားများအား လှူဖွယ်ပစ္စည်းများပေးအပ်၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သက်ကြီးပူဇော်ပွဲအခမ်းအနားသို့ မြို့ပေါ်ရှိ အသက်(၈၀)နှင့် အထက် အဘိုး၊အဘွား (၈၉)ဦးတက်ရောက် ကန်တော့ခံခဲ့ပြီး၊ မင်္ဂလာအချိန်တွင် တက်ရောက်လာသည့် စေတုတ္တရာမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိ၊ မြို့ဖများက ကန်တော့ကျိုးဖြင့် ရှိခိုးကန်တော့ပြီး လှူဖွယ် ပစ္စည်းများအား ပေးအပ်ခဲ့ကြသည်။ ယင်းနောက် အမှတ်(၁)ရပ်ကွက်၊ စံပြရပ်နေအဘိုး ဦးကံမှ ပူဇော်ကန်တော့ခံ အဘိုး၊ အဘွားများကိုယ်စား ဆုတောင်းစကား နှင့် ဩဝါဒစကားများ ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ ထို့နေ့က စေတုတ္တရာ မြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာဆွမ်းဆန်စိမ်းလောင်းလှူပွဲများ၊ မုန့်ဟင်းခါးဖြင့် စတုဒီသာကျွေးမွေးပွဲများ ခြိမ့်ခြိမ့်သဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ခရိုင်(ပြန်/ဆက်)
သတင်းပေးပို့သူအမည် - ဒေါ်ခင်ဝါဝါလှိုင်

0 comments:

Post a Comment