မကွေး ဧပြီလ ၁၁
မကွေးမြို့နယ်၌
သင်္ကြန်ကာလများအတွင်း ပြည်သူများအကြား မှုခင်းများ မဖြစ်ပွားစေရေး၊ သင်္ကြန် ရက်များတွင် ပြည်သူများဘေးအန္တရာယ်ကင်းရှင်း၍ ပျော်ရွှင်ချမ်းမြေ့စွာ
ရေကစားနိုင်ရန်အတွက် ဆွေးနွေး ပညာပေးခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းတို့ကို
မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၊ မီးသတ်ဦးစီးဌာန၊
ယာဉ်ထိန်းတပ်ဖွဲ့တို့ ပူးပေါင်း၍ မြို့လယ်လမ်းဆုံများ၊ အသွား၊အလာ များသည့်နေရာများတို့၌
မြေစိုက်ပိုစတာများစိုက်ထူကာ အသိပေးနှိုးဆော်ခြင်း၊ အသိပညာပေး ဟောပြောခြင်းများနှင့်
ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို သင်္ကြန်မတိုင်မီကပင် ကြိုတင်စီမံကာ
လုပ်ကိုင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ယနေ့ သင်္ကြန်အကြိုနေ့တွင် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊
ယာဉ်ထိန်း တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့်
အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဖွံ့ထောက်ကော်မတီဝင် များ
ပူးပေါင်းအဖွဲ့သည် နံနက် ၇ နာရီခွဲမှ စတင်ကာ မကွေးမြို့ဗိုလ်ချုပ်လမ်း-ပြည်တော် သာလမ်းဆုံ
နှင့်မြသလွန်ဘုရားသွားလမ်းဆုံ တို့တွင် သင်္ကြန်ကာလအတွင်း ကြိုတင်ကာကွယ်မှုအနေဖြင့် ယာဉ်များကိုရပ်နားစေပြီး
တုတ်၊ ဓါးနှင့် အန္တရာယ်ရှိသော လက်နက်များ လက်ဝယ်ထားရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ သင်္ကြန်ကာလအတွင်း လုပ်သားပြည်သူများ မှုခင်းများမဖြစ်ပွားရေး အတွက် လိုက်နာဆောင်ရွက်ရန်တို့ကို ဆောင်ရွက်ရာတွင် ပြည်သူများဘေးအန္တရာယ်ကင်းရှင်း၍
ပျော်ရွှင်ချမ်းမြေ့စွာ ရေကစားနိုင်ရန်အတွက် လုံခြုံရေးအရရှာဖွေစစ်ဆေးနေခြင်းဖြစ်ကြောင်း၊
ကြည်ဖြူစွာရှာဖွေစစ်ဆေးခွင့်ပြုပါရန် မေတ္တာရပ်ခံအပ်ကြောင်း၊နှစ်သစ်မှာ ပြည်သူများ ပျော်ရွှင်
ချမ်းမြေ့ ပါစေကြောင်း စသည့် စာတမ်းပါ မြေစိုက်ပိုစတာများစိုက်ထူကာ ဆောင်ရွက်နေသည်ကို
တွေ့ရသည်။
မကွေးမြို့တွင် သင်္ကြန်ကာလအတွင်း ဆိုင်ကယ်စီးနင်းသူများ
အန္တရာယ်ကင်းရှင်းစေရန် ဆိုင်ကယ်စီးသူတိုင်း ဦးထုပ်ဆောင်းရေး၊ ပါဝါအိပ်ဇောတပ်ဆင်ခြင်း၊
သံစုံဟွန်းတပ်ဆင်ခြင်း၊ ၂ ဦးထက် ပိုမိုစီးခြင်းမပြုရေးတို့နှင့် စက်သံဆူညံစွာ မောင်းနှင်ခြင်းမပြုရေးတို့ကို
အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment