Sunday, April 17, 2016

ငဖဲမြို့နယ်၌ ယာဉ်တိုက်မှုအန္တရာယ်ကင်းစင်ရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲများပြုလုပ်


ငဖဲ ၊ ဧပြီ - ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်း ယာဉ်တိုက်မှုအန္တရာယ်ကင်းစင်ရေးနှင့် ပြည်သူများ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းများ သိရှိလိုက်နာနိုင်ရေးအတွက် ဧပြီ ၁၇ ရက်၊ ယနေ့နံနက်ပိုင်းက ငဖဲမြို့နယ်ယာဉ်ထိမ်းရဲတပ် ဖွဲ့စခန်းမှ ယာဉ်ထိမ်းတပ်ဖွဲ့ဝင်များက ပင်ဦးကျေးရွာသို့ သွားရောက်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ငဖဲမြို့နယ်ယာဉ်ထိမ်းရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူများက ပင်ဦးကျေးရွာရှိ ကျေး လက်နေပြည်သူများ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အကြောင်းသိကောင်းစရာများသိရှိစေရန် ပညာပေးဟောပြောခြင်းများ၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များစီးနင်းအသုံးပြုရာတွင် ဆိုင်ကယ်စီးဦးထုပ်များဆောင်း၍ မောင်းနှင်သွားလာကြ ရန်နှင့် သတ်မှတ်လူစီးနှုန်းများထက် ပိုမိုစီးနင်းခြင်းမပြုကြရန်တို့ကို ပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
                                                                                                                   ခရိုင်(ပြန်/ဆက်)
သတင်းပေးပို့သူအမည် - ဒေါ်ခင်ဝါဝါလှိုင်

0 comments:

Post a Comment