Sunday, May 1, 2016

မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာများ ထပ်မံအကောင်အထည်ဖော် ဆောင်ရွက်ရန် စီစစ်ရွေးချယ်

ငဖဲ      ဧပြီ      ၂၉
ငဖဲမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာများ တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးယုနိုင်လင်းက မြစိမ်းရောင်ကျေးရွာ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်၊ မကွေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဦးခင်မောင်လွင်၊ ဦးစန်းကြူ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၊မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူပြုကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တို့က မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းကို ကျေးရွာများ တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆွေးနွေးညှိနှိုင်းကာ စီစစ်ရွေးချယ်ခဲ့ကြသည်။

ငဖဲမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းကျေးရွာ ၁၂ ရွာရှိပြီး အဆိုပါ စီမံကိန်း ချေးငွေကို အတိုးနှုန်းသက်သက်သာသာ ရရှိကြသဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး အပါအဝင် လုပ်ငန်းများ အဆင်ပြေစွာ လုပ်ကိုင်ဆောင်ရွက်လျှက် ရှိကြကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment