Saturday, April 2, 2016

ပွင့်ဖြူမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား တာဝန်ပေးအပ်


ပွင့်ဖြူ     ဧပြီ      ၁
မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချပ်ရေးမှူးများအား တာဝန် ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့နယ်ထွေအုပ်ရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေ ကအဖွင့်အမှာစကားပြောကြားပြီး ရပ်ကွက် (၄)ရပ်ကွက် နှင့်ကျေးရွာအုပ်စု(၅၂)အုပ်စုမှ အုပ်ချုပ်ရေးမှူးများအား တာဝန်ပေးအပ်လွှာများကို တစ်ဦးချင်း ပေးအပ်ခဲ့သည်။
နိုင်ငံတော် သမ္မတ ၏ သက်တမ်းနှင့် အတူ အုပ်ချုပ်ရေးမှူးများအား ပြည်သူများက ရွေးချယ်ပေးခဲ့သော သူများကို ခန့်အပ်ပေးခြင်းဖြစ်ပြီး တာဝန်ပေးအပ်သည့်နေ့မှစ၍ အစိုးရသစ် နှင့်အတူ မိမိရပ်ကွက် ကျေးရွာများတွင် လူမှုစီးပွား ဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် စတင်တာဝန် ထမ်းဆောင်ကြမည်ဖြစ်သည်။ အဆိုပါ တာဝန်ပေးအပ်ပွဲသို့ မြို့နယ်အုပ်ချပ်ရေးမှူးနှင့် ဌာနဆိုင်ရာ များ၊ မြို့နယ်ဖွံ့ထောက်ကော်မတီနှင့် စည်ပင်ကော်မတီများ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ချုပ်ရေးမှူး များ  တက်ရောက်ခဲ့ကြသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment