Sunday, April 17, 2016

မင်းဘူး(စကု)မြို့နယ်ရှိ နဂါးပွက်တောင်သို့ မြန်မာနှစ်ဆန်း(၁)ရက်နေ့က ကုသိုလ်ပြုသူများဖြင့် အထူးစည်းကားနေ


မင်းဘူး ၊ ဧပြီ - ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ နဂါးပွက်တောင်သို့ မြို့ပေါ်ရပ်ကွက်များရှိဒေသခံပြည်သူများနှင့် အနယ် နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများက ၁၃၇၈ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့အား မြန်မာလူမျိုးတို့၏ နေ့ထူး၊ နေ့မြတ်အဖြစ် သတ်မှတ်ကာ မင်းဘူး၊ နဂါးပွက်တောင်ပေါ်သို့တက်ရောက်၍ နဂါးစာကျွေးကုသိုလ်ပြုခြင်း၊ အလျဉ်းသင့်သလို ဆရာတော်ကြီးများ ပင့်ဖိတ်ကာ ငါးပါးသီလဆောက်တည်ကြပြီး လှူဖွယ်ဝတ္တုပစ္စည်းများလှူဒါန်းခြင်းများ ပြုလုပ်ကြရာ ဧပြီ ၁၇ ရက်နေ့က ကုသိုလ်ပြုကြသူများဖြင့် အထူးပင်စည်ကားလျက်ရှိနေကြောင်း သိရသည်။
၁၃၇၈ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့၊ ယနေ့နံနက်ပိုင်းက မင်းဘူးမြို့ရှိ နဂါးပွက်တောင်ပေါ်သို့ တက်ရောက်၍ နဂါးစာကျွေးကုသိုလ်ပြုသူများဖြင့်စည်းကားနေသကဲ့သို့ အချို့ရပ်ကွက်များတွင်လည်း လူမှုရေးအသင်းအဖွဲ့များက အသက်ကြီး  အဘိုး၊ အဘွားများအား ရေချိုးပေးခြင်း၊ ခြေသည်း၊ လက်သည်းများ လှီးညှပ်ခြင်းများပြုလုပ်၍ မြန်မာနှစ်ဆန်း(၁)ရက်နေ့အား အ လာဟသ အဖြစ်မခံပဲ တန်ဖိုးရှိစွာ ကုသိုလ်ကောင်းမှုပြုနေကြကြောင်း သိရသည်။ သို့ဖြစ်၍ မြန်မာနှစ်ဆန်း(၁)ရက်နေ့သည် မြန် မာလူမျိုးတိုင်း၏ စိတ်ထဲတွင် နေ့ထူး၊နေ့မြတ်အဖြစ် သတ်မှတ်၍ အမျိုးအမျိုး၊ အဖုံဖုံ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိနေကြောင်း မင်းဘူးမြို့၊ နဂါးပွက်တောင်အနီးရှိ နဂါးစာရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောပြသည်။
                                                                                                        ခရိုင်(ပြန်/ဆက်)
သတင်းပေးပို့သူအမည် - ဒေါ်ခင်ဝါဝါလှိုင်

0 comments:

Post a Comment