Saturday, April 16, 2016

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်(အကြတ်နေ့) မင်းဘူး(စကု)မြို့တွင် ဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာဆင်နဲ


မင်းဘူး ၊ ဧပြီ - ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်(အကြတ်နေ့) ဒုတိယ မြောက်နေ့ကို ဧပြီ ၁၅ ရက်နေ့က ဗဟိုမဏ္ဍပ်နှင့် မြို့ပေါ်ရပ်ကွက်များရှိ ရေကစားမဏ္ဍပ်များတွင် ဒေသခံပြည်သူများ အေး ချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်းသိရပြီး၊ ရေကစားမဏ္ဍပ်များတွင်လည်း ရပ်ကွက်များအလိုက် ဒေသခံပြည်သူများ က စုပေါင်းကာ စတုဒီသာများ ဧည့်ခံကျွေးမွေး၍ ကုသိုလ်ပြုကြသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
ယင်းသို့ ဒေသခံပြည်သူများ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကြီး အေးချမ်းပျော်ရွှင်စွာ ကျင်းပနိုင်ရေးအတွက် ခရိုင်/ မြို့နယ်အဆင့် ယာဉ်ထိမ်းရဲတပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့စခန်းများမှ တာဝန်ရှိသူများက ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေး တာဝန်များကို မြို့တွင်းရှိ ရေကစားမဏ္ဍပ်တိုင်းတွင် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ပေးနေကြောင်း သိရပြီး၊ ဒေသခံပြည်သူများအနေဖြင့် အေးချမ်းပျော်ရွှင်စွာဖြင့် ရေကစားနေကြကြောင်း သိရသည်။ ခရိုင်(ပြန်/ဆက်)

0 comments:

Post a Comment