Tuesday, April 12, 2016

မင်းဘူး(စကု)မြို့နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲကျင်းပ


မင်းဘူး       ဧပြီ      ၁၂
မင်းဘူး(စကု)မြို့နယ်၊မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်၊မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားအား ဧပြီလ(၁၂)ရက်နေ့၊ညနေ (၄)နာရီခွဲအချိန်က မင်းဘူး-စကု ကားလမ်းဘေးရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ မင်းဘူး(စကု)မြို့နယ်၊ မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်၊မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်အား ဖွင့်လှစ်ကြောင်းကြေညာပြီး ဗဟိုမဏ္ဍပ်ဖွင့်ပွဲအထိမ်းအမှတ်ဖဲကြိုးအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဧည့်သည်တော်ကြီးများမှ ယိမ်းပျိုဖြူများအား သပြေခက်ဖြင့် အတာရေပက်ဖျန်းနေစဉ် “မြနန္ဒာ” တေးသီချင်းတို့ဖြင့် သီဆို၍ ဖွင့်ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင်လည်း သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်၍ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment