Saturday, April 9, 2016

အရှိန်ပြင်းစွာမောင်းနှင်မှုကြောင့် ယာဉ်တမ်းမှောက်မှုဖြစ်ပွား


ငဖဲ     ဧပြီ     ၉
မင်းဘူးခရိုင် ငဖဲမြို့နယ် ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် ၂၅၅ မိုင် ၃ ဖာလုံ၊ငဖဲမြို့နယ် စည်သာကျေးရွာအနီးတွင် ယမန်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ် အချိန်ခန့်က မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ပဒါန်းရဲကင်းစခန်းမှူးနှင့် စည်သာကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ သွားရောက်စစ်ဆေးခဲ့ရာ ငဖဲမြို့နယ်စည်သာရွာ တောင်ဘက် မှ မင်းဘူးမြို့နယ်(မြောက်)သို့ ယာဉ်မောင်း ကျော်စွာတိုး(သ)၃၆၊(ဘ)ဦးကံပေါက်၊သာယာဝတီမြို့ မောင်းနှင်သော(ဘုရားဖူးယာဉ်)Light Truck အဖြူရောင် မော်တော်ယာဉ်သည် အရှိန်ပြင်းစွာ မောင်းနှင်မှုကြောင့် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်သို့ လဲကျတိမ်းမှောက်ပြီး မော်တော်ယာဉ် ပက်လက်လန်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ယာဉ်မောင်းနှင့်ယာဉ်ပေါ်ပါခရီးသည်(၇)ဦး မှာ ပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ပဒါန်းတိုက်နယ်ဆေးရုံသို့  ပို့ဆောင်ဆေးကုသမှုခံယူလျှက် ရှိပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းကျော်စွာတိုးအား ပဒါန်းရဲကင်းစခန်းမှူးမှ အမှုဖွင့် စစ်ဆေးအရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment