Friday, April 15, 2016

ပခုက္ကူမြို့မှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေအတွက် အပူရှောင်စခန်းဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ 7Day Daily ရဲ့ဖော်ပြချက်အရ

Ko SeinThan added 3 new photos.Follow ပခုက္ကူမှာ ဖွင့်လှစ်ထားတဲ့ အပူရှောင်စခန်း
===================
===================




 
ပခုက္ကူမြို့မှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေအတွက် အပူရှောင်စခန်းဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ 7Day Daily ရဲ့ဖော်ပြချက်အရ ပခုက္ကူမြို့ အမှတ် ၁၄ ရပ်ကွက် စနစ်သစ်ပုထိုးကျောင်းတိုက်အတွင်းမှာ အပူရှောင်စခန်းကို ဖွင့်လှစ်ထားတာဖြစ်ပြီး အသက် ၆၅ နှစ်အထက်နဲ့ အသက်တစ်နှစ်အောက်ကလေးတွေ အပူရှောင်လို့ရပါတယ်။
အပူချိန်အရမ်းမြင့်မားလာတာကြောင့် အဆိုပါစခန်းကို ဧပြီ ၁၀ ရက်နေ့က ဖွင့်လိုက်တာဖြစ်ပြီး အရင်နှစ်တွေက ယခုလိုဖွင့်တာမျိုး မရှိဘူးလို့ သိရပါတယ်။ အယ်နီညိုကြောင့် ပခုက္ကူမှာ အပူချိန်ဟာ ၄၄ ဒီဂရီထိရှိနေတာဖြစ်ပြီး လက်ရှိအဆိုပါအပူရှောင်စခန်းမှာ အပူရှောင်သူ အယောက်နှစ်ဆယ်ကျော်ရှိပါတယ်။
မနက်စာနဲ့ဖျော်ရည်ကိုလည်း တိုက်ကျွေးပြီး ဆရာဝန်တစ်ယောက်၊ သူနာပြုသုံးယောက်နဲ့ စောင့်ရှောက်မှုတွေလည်း ပြုလုပ်လျက်ရှိပါတယ်။
=

0 comments:

Post a Comment