This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, April 28, 2016

စေတုတ္တရာမြို့တွင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် တွေ့ဆုံပွဲကျင်းပ




စေတုတ္တရာ    ဧပြီ      ၂၈
          မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ဧပြီလ (၂၅)ရက်နေ့ နံနက်(၁၀)နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်းနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။
          အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်းမှ အဖွင့် အမှာစကားပြောကြားပြီး၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြပါသည်။ထို့နောက် စေတုတ္တရာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်မှ လွှတ်တော်အစည်းအဝေးအတွေ့အကြုံများကို ရှင်းလင်း ပြောကြားပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများမှ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများ ကို ရှင်းလင်းတင်ပြကြပါသည်။
          ဆက်လက်၍မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်း မှ ဌာနဆိုင်ရာ အကြီးအကဲများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန်မှာကြားကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

မင်းဘူးခရိုင်တွင် မိုးရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေများ ရာနှုန်းပြည့် ပြေကြေစွာ ဆပ်ပြီး




မင်းဘူး         ဧပြီ     ၂၈
          မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များမှ တောင်သူများ မိုးရာသီ စိုက်ပျိုးရေးလုပ်ငန်း များ အဆင်ပြေချောမွေ့စွာ စိုက်ပျိုးလုပ်ကိုင်နိုင်ရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်များမှ ဧကအလိုက် ချေးငွေများ ထုတ်ချေးပေးခဲ့ရာ ဧပြီလ(၂၆)ရက်နေ့တွင် မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များအလိုက် ဘဏ်ချေးငွေများ ပြန်လည် ပေးသွင်းမှု ရာနှုန်းပြည့် ပြေကြေကြောင်းသိရှိရသည်။
          မင်းဘူးခရိုင်အတွင်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၊ မင်းဘူး၊ပွင့်ဖြူ၊စလင်း၊စေတုတ္တရာ၊ငဖဲ မြို့နယ် တို့မှ ဘဏ်အဖွဲ့ဝင် (၃၇၉၃၁)ဦးသို့ ထုတ်းချေးခဲ့သော ၂၀၁၅-မိုးရာသီ သီးနှံထုတ်လုပ်မှုဘဏ်ချေးငွေကျပ် သန်းပေါင်း(၁၃၃၄၅.၂၁)အား တောင်သူများမှ ဧပြီလအတွင်း ခရိုင်လုံးကျွတ် ပြေကြေစွာ ပေးသွင်းပြီး ဖြစ်ကြောင်း မင်းဘူးခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ ခရိုင်မန်နေဂျာ ဦးဝင်းဇော်ထံမှ သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

ပေါက်မြို့နယ်အတွင်း သောက်သုံးရေရှားပါးသည့် ကျေးရွာများသို့ ရေသယ်ယာဉ်ဖြင့် ပို့ဆောင်လှူဒါန်း




ပေါက်     ဧပြီ     ၂၇
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုတို့၏ စီစဉ်မှုဖြင့် ပခုက္ကူခရိုင်အတွင်း မြို့နယ်များဖြစ်သည့် မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သောက်သုံးရေခက်ခဲမှုဖြင့် ကြုံတွေ့ နေရသောကျေးရွာများသို့ ရေလှူဒါန်းရန် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် ရေသယ်ယာဉ်များကို ယာဉ်မောင်း၊ စက်သုံးဆီအပြည့်အစုံနှင့် ထောက်ပံ့ကူညီရန် ဧပြီ၂၃ ရက်က သက်ဆိုင်ရာမြို့နယ် အသီးသီးသို့ရောက်ရှိလှူဒါန်းပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပေါက်မြို့နယ်အတွင်း သောက်သုံးရေရှားပါးသည့် ကျေးရွာများသို့ ဧပြီ ၂၃ ရက်နေ့မှစ၍ ဆောက်လုပ်ရေးဌာနပိုင် ဂါလံ(၈၀၀)ဆံ့ ရေသယ်ယာဉ်ဖြင့် ပို့ဆောင်လှူဒါန်း လျက်ရှိရာ ဧပြီ ၂၆ ရက်နေ့အထိ သပြေရေတောတိုက်၊စမ်းမုန်းချောင်း၊ကပိုင်(မြောက်)ကျေးရွာများသို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လမ်းဦးစီးဌာနတို့နှင့်အတူ သောက်သုံးရေ ဂါလံပေါင်း (၁၁၂၀၀) ဂါလံ ပို့ဆောင်လှူဒါန်းခဲ့ပြီးဖြစ်သည်။
  ပေါက်မြို့နယ်တွင် ၂၀၁၆ခုနှစ် မေလ ၄ ရက်နေ့အထိ သောက်သုံးရေရှားပါးသည့် ဒေသများသို့ နေ့စဉ်ပို့ဆောင်လှူဒါန်းသွားမည်ဖြစ်ကြောင်းကို ဒေသခံများက သိရှိရ၍ သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေရသော ပြည်သူများအနေဖြင့် ၀မ်းသာလျက်ရှိကြကြောင်းနှင့် မကွေးတိုင်း ဒေသ ကြီးအတွင်းတွင် သောက်သုံးရေခက်ခဲမှုရှိသည့် ပခုက္ကူခရိုင်တွင် နှစ်မြို့နယ်နှင့် မကွေးခရိုင် အတွင်း ရှိ နတ်မောက်၊ချောက်၊မြို့သစ်မြို့နယ်များသို့ ရေသယ်ယာဉ်ငါးစီးကို စေလွှတ်ထားကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

*ရေလှူဒါန်းသွားသည့် မီးသတ်ယာဉ်တိမ်းမှောက် မီးသတ်တပ်ဖွဲ့ဝင် ဒုတပ်ကြပ်သေဆုံး*



                 မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်၊ ဆင်စွယ်ကျေးရွာသို့
ရေလှူဒါန်းသွားသည့် ထီးလင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ
 မီးသတ်ယာဉ်တစ်စီးတိမ်းမှောက်ခဲ့
၍ မီးသတ်တပ်ဖွဲ့ဝင်ဒုတပ်ကြပ်တစ်ဦးသေဆုံးခဲ့မှု
ဧပြီ(၂၆)ရက်နေ့ နံနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း နယ်မြေခံရဲစခန်းမှသိရသည်။
ဖြစ်စဉ်မှာ ဧပြီ(၂၆)ရက်နေ့ နံနက်(၉)နာရီအချိန်က ထီးလင်း-ဆင်စွယ်ကားလမ်း
မယ်ဇလီချောက်တံတားတွင် ဆင်စွယ်ကျေးရွာသို့ ရေလှူဒါန်းရန်သွားရောက်သော
ယာဉ်တစ်စီး တိမ်းမှောက်ကြောင်းသတင်းအရ ဆေးမင်းတောနယ်မြေရဲစခန်းမှ
ရဲအုပ်ကျော်စိုးမိုး သွားရောက်စစ်ဆေးခဲခြင်းဖြစ်သည်။ ထီးလင်း-ဆင်စွယ်ကားလမ်း
မယ်ဇလီချောက်တံတား ဝဲဘက်ဘေး ချောက်အတွင်းတွင် ယာဉ်မောင်း၊ တပ်ကြပ်
ဇော်ဇော်နိုင်၊အသက်(၂၈)နှစ်၊မြို့နယ်မီးသတ်တပ်ဖွဲ့၊ထီးလင်းမြို့နေသူမောင်းနှင်
ပြီး ယာဉ်ပေါ်တွင် တပ်ကြပ်ကြီး မင်းသန့်ကျော်၊အသက်(၂၃)နှစ်၊ဒုတပ်ကြပ်
မိုးထက်ကျော်၊အသက်(၂၃)နှစ်၊တပ်ကြပ်ကြီး သက်လွင်မျိုး တို့လိုက်ပါလာသော
၆ဂ/---------ဒေါင်ဖန်း(၆)ဘီး မီးသတ်ယာဉ်အားတွေ့ရှိရပြီး ယာဉ်တိမ်းမှောက်
ခဲ့ခြင်းကြောင့် အဆိုပါယာဉ်ပေါ်ပါ(၄)ဦးအနက် ဒုတပ်ကြပ် မိုးထက်ကျော်တွင်
ဝဲခြေသလုံးထက်ပိုင်းကျိုး၊ဝဲမေးရိုးကျိုး၊
ယာနားသွေးထွက်၊ဝဲခြေကျင်းဝတ်အဆစ်လွဲ၊ ဦးခေါင်းယာဘက်ခြမ်းအတွင်းကြေ(သေဆုံး)၊
တပ်ကြပ်ကြီး မင်းသန့်ကျော်တွင် မေးရိုးအောက်ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)၊
တပ်ကြပ်ဇော်ဇော်နိုင်တွင် ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)တို့
ရရှိခဲ့ခြင်း ဖြစ်ကြောင်းအမှုစစ်၏စစ်ဆေးချက်အရ သိရသည်။ယင်းဖြစ်စဉ်နှင့်ပက်သက်၍
ယာဉ်မောင်း တပ်ကြပ်ဇော်ဇော်နိုင်အား ထီးလင်းမြို့နယ်၊ဆေးမင်းတော
နယ်မြေရဲစခန်းမှ ယာဉ်(ပ)၃/၂၀၁၆၊ ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇
ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။

လယ်လယ်ယာမြေ လျော်ကြေးများ မှန်ကန်စေရေးနှင့် ပုံစံ ၇ များ ရရှိရေးဆောင်ရွက်




မကွေး     ဧပြီ     ၂၇
မကွေးမြို့နယ် နံကပ်ကျွန်း ကျေးရွာအုပ်စုအတွင်း စစ်မှုထမ်းအိမ်ယာ တည်ဆောက်ရန် သိမ်းဆည်း ထားသော ထုံးပေါက်တောနှင့်ကန်ရွာလေးကျေးရွာအနီးရှိ လယ်ယာမြေများနှင့်ပတ်သက်၍ လျော်ကြေး နစ်နာမှုများ မှန်မှန်ကန်ကန် တိတိကျကျ ဖြစ်စေရေးနှင့်  ပုံစံ ၇ များ ရရှိစေရေးတို့ အတွက် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့်တာဝန်ရှိသူများသည် ယနေနံနက် ၈ နာရီက အဆိုပါကျေးရွာများရှိ လယ်ယာမြေ သိမ်းဆည်းခံ ဒေသခံပြည်သူများထံ သွားရောက်တွေဆုံ၍  ပေါင်းစပ် ညှိုနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်အတူ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးနိုင်ဦး၊မကွေးမြို့အမှတ်(၁)(၂)မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်လယ်ယာမြေ သိမ်းဆည်းခံ ဒေသခံပြည်သူများ တက်ရောက်တွေ့ဆုံဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

ပွင့်ဖြူ၌ သူငယ်တန်း(KG)သင် ဆရာ၊ဆရာမ လေ့ကျင့်သင်တန်းပေးရေး မြို့နယ်အဆင့် နည်းပြသင်တန်း ဖွင့်လှစ်




ငဖဲ       ဧပြီ     ၂၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန သူငယ်တန်း (KG)သင် ဆရာ၊ဆရာမများ လေ့ကျင့်သင်တန်းပေးရေး မြို့နယ်အဆင့် နည်းပြသင်တန်း ဖွင့်ပွဲကို ပွင့်ဖြူ အထက အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပရာ မြို့နယ်ရဲတပ်ဖွဲ့မှူး(ယာယီ)ဒု-ရဲမှူး တင်ထွန်းအောင်ကအဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ပွင့်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်ပုက အမျိုးသားပညာရေး ဥပဒေမှာ ပြဌာန်းထားတဲ့ အခြေခံပညာရေးစနစ် ဖွဲ့စည်းပုံ(KG+12)အရ အခြေခံပညာကျောင်းများ မှာ သူငယ်တန်း သင်ရိုးညွှန်းတမ်း သစ်ကို စတင်သင်ကြားဖို့အတွက် KG (သူငယ်တန်း)ကို သင်ကြားပေးမယ့် ဆရာ ဆရာမများကို လေ့ကျင့်မွေးထုတ်ပေးဖို့ လိုအပ်ကြောင်း၊သူငယ်တန်း (KG)ပညာရေးကို ဆောင်ရွက်ရခြင်းဟာ ကလေးများ မိမိကိုမိမိယုံကြည်အားထားသူများ ဖြစ်လာစေဖို့ အာဟာရပြည့်ဝပြီး ကျန်းမာပျော်ရွှင်သူများဖြစ်လာစေဖို့ သင်္ချာအပါအ၀င် အသိပညာများကို စိတ်အားထက်သန်စွာ လေ့လာသင်ယူသူများ ဖြစ်လာစေဖို့နဲ့ မိမိ ပတ်ဝန်းကျင်၏ အကျိုးကို ဆောင်ရွက်တတ်သူများ ဖြစ်လာစေဖို့ ရည်ရွယ်ကြောင်းနှင့် သင်တန်းဆိုင်ရာ လိုက်နာရမည့် စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ပွင့်ဖြူမြို့နယ်တွင် ကျောင်းပေါင်း ဘက(၂)ကျောင်းနှင့်အခြေခံပညာကျောင်းပေါင်း (၁၆၂)ကျောင်း၊ စုစုပေါင်း(၁၆၄)ကျောင်းတွင် သင်တန်းသင်တန်းသူ(ဆရာ ဆရာမ)(၃၃၄)ဦးနှင့်တိုင်းရင်းသား လေ့လာသူ(၄)ဦး တို့အား သင်တန်းနည်းပြ ဆရာ ဆရာမ(၁၆)ဦးမှ သင်ခန်းစာ(၁၇)မျိုးကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး၊ အမျိုးသားပညာရေးဥပဒေပါ အခန်း(၅)ပုဒ်မ ၁၆(က)တွင် အခြေခံပညာရေးကို မူလတန်းဆင့်၊ အလယ်တန်း ဆင့်၊အထက်တန်းဆင့် ပညာရေး အဆင့်(၃)ဆင့် ခွဲခြားထားပြီး သူငယ်တန်းပညာရေး ပြီးတဲ့နောက် ပညာသင်နှစ် စုစုပေါင်းကာလ(၁၂)နှစ်သို့ ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)