Friday, March 25, 2016

ငဖဲမြို့နယ်တွင် စာကြည့်တိုက် ၀န်ဆောင်မှု မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ


ငဖဲ      မတ်       ၂၂
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ စာကြည့်တိုက်များ စာဖတ်သူ တိုးပွားရေး၊စာအုပ်စာစောင်များတိုးပွားရေး၊ ကျေးလက်နေပြည်သူများ စာဖတ်ခြင်းအလေ့အထ ကောင်းများ ရရှိပြီး အသိပညာ ဗဟုသုတများ တိုးပွားရရှိစေရေးနှင့် ကျေးရွာ စာကြည့်တိုက်များရေရှည် တည်တံ့ခိုင်မြဲ စေရန် ရည်ရွယ်၍ စာကြည့်တိုက်များ ၀န်ဆောင်မှု မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲများကို မတ် ၂၁ ရက်နံနက် ၉ နာရီက ငဖဲမြို့နယ်ပြန်/ဆက်ရုံးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းဇော် တက်ရောက် အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်/ဆက်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန်းဌေးက စာကြည့်တိုက်များ ၀န်ဆောင်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။
ထို့နောက် စာကြည့်တိုက်များ ၀န်ဆောင်မှုမြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲ ဆက်လက်ကျင်းပရာ ခရိုင်ပြန်/ဆက်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန်းဌေးနှင့်ခရိုင်တွင်းရှိ မြို့နယ်ဦးစီးမှူးများ၊ တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်တာဝန်ခံ(၃၀)ဦးတို့က စာဖတ်သူတိုးပွားရေး၊ စာဖတ်ခြင်းအလေ့အထကောင်း များရှင်သန်ဖွံ့ဖြိုးစေရေး၊စာအုပ်စာစောင်နှင့်ရန်ပုံငွေတိုးပွားရေး၊စာကြည့်တိုက်ဝန်ဆောင်မှုနှင့်စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲစေရေး စသည်ဖြင့် ၀ိုင်ဝန်းဆွေးနွေးခြင်းများနှင့် ကျေးရွာစာကြည့်တိုက်များ၏ လက်တွေ့ ဆောင်ရွက်မှု အတွေ့အကြုံများကို   အပြန်အလှန် ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment