Monday, March 28, 2016

မန်းရွှေစက်တော်ဘုရားပွဲတော် မန်းချောင်းအတွင်း ကျောင်းသား(၂)ဦးရေနစ်သေဆုံး


               မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရားပွဲတော် မန်းချောင်းအတွင်း မတ်လ(၂၃)ရက်နေ့ညနေပိုင်းက ကျောင်သား(၂)ဦး ရေနစ်သေဆုံးခဲ့သည်။ဖြစ်စဉ်မှာ မတ်လ(၂၃)ရက်နေ့ညနေ(၅)နာရီ(၄၅)မိနစ်အချိန်က မန်းချောင်းအတွင်း လူ(၂)ဦး ရေနစ်သေဆုံးကြောင်းသတင်းအရ ရွှေစက်တော်ရဲကင်းမှ ဒုရဲအုပ်သက်ဦး သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ သေဆုံးသူမှာ စည်သူဟိန်း၊အသက်(၁၁)နှစ်၊ဆဌမတန်းကျောင်းသား၊ အေးသာယာရပ်ကွက်၊တောင်ကြီးမြို့နေသူနှင့် သန့်ဇင်ဦး၊အသက်(၁၁)နှစ်၊ဆဌမတန်းကျောင်းသား၊ အေးသာယာ ရပ်ကွက်၊တောင်ကြီးမြို့နေသူတို့သည် မိသားစုနှင့်အတူ ဘုရားဖူးအပြန် ရွှေစက်တော်ဘုရားပွဲတော်အထွက် လှေတင်တံတား ညာဘက်ခြမ်းအရောက်တွင် မန်းချောင်းထဲသို့ ရေဆင်းချိုးရာမှ ရေနစ်သေဆုံးကြောင်းစစ်ဆေးသိရှိရပြီး စည်သူဟိန်းနှင့် သန့်ဇင်ဦးတို့တွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရဘဲ နှာခေါင်း၊ပါးစပ်မှ အရည်များထွက်၊ ဝဲ/ယာလက်များတွင် ရွှံနွံများဆုပ်ကိုင်လျှက်သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အမှုစစ်၏ စစ်ဆေးချက်အရသိရသည်။ယင်းကျောင်းသား(၂)ဦးသေဆုံးမှုနှင့်ပက်သက်၍ ရဲအုပ်သက်ဦးမှ တရားလို ပြုတိုင်ကြားခဲ့သောကြောင့် မင်းဘူးမြို့နယ်၊စကုနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၇/၂၀၁၆ ဖြင့်အမှု ဖွင့်ထားကြောင်းသိရသည်။                                    
                                                        kzy

0 comments:

Post a Comment