Saturday, March 12, 2016

နွေစပါး လျာထား ဧက ပြည့်မီရေး အလေးထား ဆောင်ရွက်


မြိုင် - မတ် - ၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်- မြိုင်မြို့နယ်သည် မြန်မာပြည် အလယ်ပိုင်း မိုးခေါင်ရေရှားဒေသ
ဖြစ်သော်လည်း ဒေသဆန် ဖူလုံရေးတွင် စပါးကို အဓိကထား စိုက်ပျိုးသော မြို့နယ်ဖြစ်သည့်အတွက် စိုက်ပျိုးရေးဦးစီး
ဌာန၊  တိုင်းဒေသကြီး  ဦးစီးမှူးနှင့်   ခရိုင်ဦးစီးမှူးတို့၏    လမ်းညွှန်မှုတို့ဖြင့်   မြိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး   ဦးခင်ဦး
ခေါင်းဆောင်၍   ကွင်းတာဝန်ခံနှင့်ဝန်ထမ်းများသည်  ၂၀၁၅-၁၆ ခုနှစ် နွေစပါး လျာထားဧက ပြည့်မီရေး အလေးထား
ဆောင်ရွက်ခြင်းနှင့် အထူးအထွက်တိုး   ပုလဲသွယ်စပ်မျိုးစပါး   စုပေါင်း  ဘောင်ပျိုးထောင်ပွဲကို  မတ် ၈ရက်နေ့ နံနက်
၉နာရီက ဆူးဝင်းကျေးရွာအုပ်စု ၀က်ဖိုးကျေးရွာ၌ ပြုလုပ်သည်။
အဆိုပါ   စုပေါင်း   ဘောင်ပျိုးထောင်ပွဲတွင်   မြို့နယ်ဦးစီးမှူးက အဖွင့်အမှာစကား  ပြောကြားပြီး၊
ဇုံတာဝန်ခံ ဒုတိယဦးစီးမှူး  ဒေါ်အေမွန်အိက   နွေစပါး လျာထားဧက  ပြည့်မီရေး အလေးထား ဆောင်ရွက်ရခြင်း၏
ရည်ရွယ်ချက်များ ပြေကြားခြင်းနှင့်လက်ထောက်ဦးစီးမှူး ဦးမောင်မောင်ဦးက သိပ္ပံနည်းကျ စိုက်ပျိုးစနစ်၏ အခြေခံ
ဖြစ်သော ဘောင်ပျိုးထောင်ရခြင်း၏   ရည်ရွယ်ချက်များ၊ စပါးခံွံမှ   စက်ဖွဲပြာများ ဘောင်ပျိုးထောင်ရာတွင် ထည့်၍
အသုံးပြုရခြင်း၏   ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားကာ ၀န်ထမ်းများက စပါးခွံမှ စက်ဖွဲပြာများ ရရှိရန် စပါးခွံ
များကို လက်တွေ့  မီးဖုတ်ပြသကြပြီး   မြို့နယ်ဝန်ထမ်းများနှင့်  တောင်သူများ ပူးပေါင်း၍ ဘောင်ပျိုးထောင်ခြင်းကို
စုပေါင်း ဆောင်ရွက်ကြကြောင်း သိရသည်။


အောင်ကျော်မြင့်
       မြို့နယ်သတင်းထောက်
      မြိုင်မြို့

0 comments:

Post a Comment