Thursday, March 31, 2016

သဘာဝတောထိန်းလုပ်ငန်းမှ ထွက်ရှိသောထင်းများ အခမဲ့ ဖြန့်ဝေ




မင်းဘူး       မတ်       ၃၀
          မင်းဘူးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ၊မြောက်ဆားဗွက်ကြိုးဝိုင်း အကွက်အမှတ် (၂၀၊၂၂)၌ သဘာဝ တောထိန်းလုပ်ငန်းဧက(၂၀၀၀)မှ ထွက်ရှိသော ထင်းများအား သီးကုန်းကျေးရွာ နှင့် မြောက်ဆားဗွက်ကြိုးဝိုင်း အတွင်းရှိ တောင်ယာတဲစုများတွင်နေထိုင်သော ဒေသခံပြည်သူများထံ  မတ်လ(၂၉)ရက်နေ့ နံနက်ပိုင်းက ထင်းများအခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။
          မင်းဘူးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်၊ မြောက် ဆားဗွက်ကြိုးဝိုးအကွက်အမှတ်(၂၀၊၂၂)တွင် သဘာဝတောကျန်များထိန်းသိမ်းခြင်းလုပ်ငန်း ဧက(၂၀၀၀) ထိန်းသိမ်းခဲ့ပြီး (၂၀၀)ဧကအား ဓမ္မတာမျိုးဆက်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့သည်။ဓမ္မတာမျိုး ဆက်ခြင်းလုပ်ငန်းဖြစ်သော ကိုင်းတက်ချိုင်ပေးခြင်း၊ပင်ပူးများခွာခြင်း၊ အောက်ခြေပေါင်းရှင်းခြင်း၊ နွယ်ဖြတ်ခြင်း လုပ်ငန်းများ၊ငုတ်ဟောင်း/ငုတ်ပျက်များချွန်သပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ထင်း (၈ ဒဿမ ၃၁)တန် ထွက်ရှိခဲ့ပြီး ၎င်းထင်းများအား ဦးစီးအရာရှိ ဦးဝင်းဘိုနှင့် ၀န်ထမ်းများမှ  သီးကုန်းကျေးရွာ နှင် သစ်တောကြိုးဝိုင်းအတွင်းရှိ တောင်ယာ တဲစုများတွင် နေထိုင်သော မိသားများထံသို့ တစ်အိမ်ထောင်လျင် (၀.၅၂)တန်စီအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ဒေသခံပြည်သူများ သစ်တောသစ်ပင်များကို တန်ဖိုးထားတတ်လာပြီး စနစ်တကျ ထိန်းသိမ်းလိုစိတ်များဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment