Tuesday, March 29, 2016

ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးဆဋ္ဌမနေ့ ကျင်းပပြုလုပ


မကွေး     မတ်      ၂၈
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ စတင်ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၈)ဦးတက်ရောက်၍ (၁၀၀) ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုသော မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်၏ အမည်စာရင်းမှာ ပွင့်ဖြူ မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာအောင်မိုးညို ဖြစ်ကြောင်း လွှတ်တော်သို့တင်ပြပြီး ယင်းအမည် စာရင်းနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ (က) ပါ သတ်မှတ်ထားသော အရည် အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားပြ၍ ကန့်ကွက်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက ဒီကနေ့ရုံးချိန်အတွင်း လွှတ်တော်ရုံး ညွှန်ကြားရေးမှူးထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ မတ်လ ၂၉ ရက် (အင်္ဂါနေ့) (၁၀၀၀)နာရီအချိန်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကကြေညာပြီး ဆဋ္ဌမနေ့အစည်းအဝေးကို (၁၀း၀၈) အချိန် တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment