Thursday, March 31, 2016

တတိယအကြိမ် ငဖဲမြို့လုံးဆိုင်ရာ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ ကျင်းပ




ငဖဲ     မတ်     ၃၀
          ငဖဲမြို့ မြို့မရပ်ကွက် မဟာသမယာမ ပရိယတ္တိကျောင်းသစ်ကျောင်း၌ ငဖဲမြို့ပေါ်နှင့်နီးစပ် ရာကျေးရွာများမှ ကလေးသူငယ်များ ကျောင်းသား ကျောင်းသူများ ဘာသာရေး ဗဟုသုတ တိုးပွားစေကာ အမျိုးဘာသာ သာသနာချစ်စိတ်များ ရှင်သန်တိုးပွားစေရန် ရည်သန်လျှက် မျိုးဆက်သစ်သားငယ် သမီးငယ်များအတွက် တတိယအကြိမ်မြောက် ငဖဲမြို့လုံးဆိုင်ရာ ယဉ်ကျေး လိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါကျောင်းတွင် ကျင်းပရာ ငဖဲမြို့ရှိ နာယကဆရာတော်(၃)ပါး၊ သင်ကြားရေးဆရာတော်(၉)ပါး၊ ဖိတ်ကြားထားသောဆရာ တော်များ၊ ဌာနဆိုင်ရာများနှင့် မြို့နယ်ဖွံ့ထောက်ကော်မတီဝင်များ၊ အလှူရှင်များနှင့်ကျောင်းသား ကျောင်းသူများ တက်ရောက်၍ နမောတဿ(၃)ကြိမ်ရွက်ဆို အခမ်းအနား ဖွင့်လှစ်ခဲ့သည်။
          အခမ်းအနားတွင် မြို့နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဌ ရောင်ခြည်ဦးကျောင်း ဆရာတော် ဦးန္ဒြာစာရထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ယဉ်ကျေးလိမ္မာသင်တန်း ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ ဥက္ကဌ ကုန်းမြင့်ရတနာတိုက်ကျောင်း ဆရာတော် ဦးသောမစာရက သင်တန်းနှင့် စပ်လျဉ်း၍ သြ၀ါဒစကားမိန့်ကြားခဲ့သည်။ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းဇော်က ဘာသာရေး၊သာသနာရေးဆိုင်ရာ ကိစ္စများ တင်ပြလျှောက်ထားပြီး ကံသာတိုက်ကျောင်း ဆရာ တော် ဦးကောသလ္လက သင်တန်းနှင့်ဆက်စပ်၍ လိုအပ်သည်များကို ရှင်းလင်းမိန့်ကြားပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွက်ဆိုကာ အခမ်းအနားပိတ်သိမ်းခဲ့သည်။
          တတိယအကြိမ်မြောက် ငဖဲမြို့လုံးဆိုင်ရာ ယဉ်ကျေးလိမ္မာသင်တန်းသို့ တက်ရောက်သည့် ကျောင်းသား ကျောင်းသူ(၂၁၂)ဦးရှိပြီး၊ (၃၀-၃-၂၀၁၆)ရက်နေ့မှ(၉-၄-၂၀၁၆)ထိ (၁၁)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့်အဆိုပါ သင်တန်းသား/သူများအား သင်တန်းကာလ အတွင်း နေ့စဉ် နေ့လည်စာကျွေးမွေးခြင်း၊ အဖျော်ရည်တိုက်ကျွေးခြင်းများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment