Tuesday, March 15, 2016

ဒုတိယအကြိမ်မြောက် နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်



မြိုင်-မတ်-၁၅

                   နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း ဒုတိယအကြိမ်မြောက်ဖွင့်ပွဲကို မတ်(၁၃)ရက်နေ့
နံနက်(၉)နာရီက မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ဒေါင်အိုကျေးရွာအုပ်စု ညောင်ညိုတောကျေးရွာ
ယမ်းယံ ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပသည်။
                   အဆိုပါသင်တန်းဖွင့်ပွဲတွင် ဒါယကာ၊ ဒါယိကာမများနှင့် သင်တန်းသား/သင်တန်းသူများက မြို့နယ်
သံဃနယက ဥက္ကဌ ဆရာတော် ဦးဇောတိကထံ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သင်တန်းဖြစ်မြောက်ရေး အကျိုးတော်ဆောင် ဦးဌေးဇော်က နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များနှင့်
သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းပြီးဆုံးသည်အထိ သင်ယူကြရန် မိန့်ကြား၍ ကြွရောက်လာကြသူ
များက သာဓုအနုမောဒနာ ခေါ်ဆိုကြသည်။
                   သင်တန်းတွင် သင်တန်းသား/သင်တန်းသူ ဦး(၂၀၀)တက်ရောက်ကြပြီး သင်တန်းကာမှာ မတ်(၁၃) မှ (၃၀)ရက်ထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။

 အောင်ကျော်မြင့်

0 comments:

Post a Comment